OpenAI နဲ့ Google ရဲ့ အပြောင်းအလဲကြီးတစ်ခု
← ဆောင်းပါးများ

OpenAI နဲ့ Google ရဲ့ အပြောင်းအလဲကြီးတစ်ခု

01 Nov 2026 · 4 မိနစ် ဖတ်ရန်

OpenAI နဲ့ Google ရဲ့ အပြောင်းအလဲကြီးတစ်ခု

OpenAI နဲ့ Google ရဲ့ အပြောင်းအလဲကြီးတစ်ခု 👉 Nvidia ရဲ့ အကြီးမားဆုံး ဖောက်သည်ကြီးဖြစ်တဲ့ OpenAI ဟာ Google ရဲ့ ကိုယ်ပိုင် AI Chip ဖြစ်တဲ့ TPU (Tensor Processing Unit) တွေကို ဝယ်ယူဖို့ ပြင်ဆင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် OpenAI ဘက်က TPU တွေပေါ်မှာ Model တွေကို Optimize လုပ်ဖို့ Software Engineer ရှာနေတဲ့ Job listing ထွက်လာတာက ဒီသတင်းကို ပိုပြီး ခိုင်မာသွားစေခဲ့တယ်။ 👉 အရင်တုန်းက OpenAI ဟာ ChatGPT နဲ့ API တွေရဲ့ Inference ကုန်ကျစရိတ်ကို လျှော့ချဖို့အတွက် Google Cloud ကနေ TPU တွေကို ခဏ ငှားသုံးခဲ့ဖူးတာရှိပေမယ့် အခုတစ်ခါမှာတော့ 'Rent' သက်သက်မဟုတ်တော့ဘဲ 'Buy' လုပ်ဖို့အထိပါ စကားစပ်လာတာပါ။ တစ်ဖက်မှာလည်း Oracle က Google ရဲ့ TPU တွေကို ၂၀၂၇ မှာ OCI Cloud ထဲ ထည့်သွင်းမယ်လို့ ကြေညာထားတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာက တကယ်ကို စိတ်ဝင်စားစရာပါပဲ။ 😢 ဒါပေမယ့်လည်း လက်တွေ့ဘက် ပြန်ကြည့်ရင် အားနည်းချက်တွေနဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတယ်ဗျ။ တရားဝင် စာချုပ်ချုပ်ဆိုပြီးပြီလား၊ ဘယ်လောက် ပမာဏထိ ဝယ်မှာလဲ၊ ဘယ် TPU Version လဲဆိုတာကိုတော့ ကုမ္ပဏီနှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။ ပြီးတော့ Nvidia ရဲ့ CUDA Ecosystem ကနေ Google ရဲ့ TPU Stack (JAX/PyTorch on TPU) ဘက်ကို ပြောင်းလဲပြီး ကိုယ့်ရဲ့ AI Model တွေ ပြေးဆွဲနိုင်အောင် လုပ်ရတာကလည်း Developer တွေအတွက် ခေတာမဟုတ်ဘဲ အလုပ်တော်တော်ရှုပ်တဲ့ ကိစ္စဖြစ်ပါတယ်။ ✅ ဒီသတင်းကနေ ကျွန်တော်တို့ ဘာကိုသိနိုင်လဲဆိုတော့ AI Chip လောကမှာ Nvidia တစ်ဦးတည်း လက်ဝါးကြီးအုပ် စိုးမိုးထားတဲ့ခေတ်ကနေ Multi-vendor AI Hardware ခေတ်ကို အမှန်အကန် ကူးပြောင်းလာနေပြီဆိုတာပဲ။ OpenAI လို ထိပ်သီးကုမ္ပဏီကြီးတစ်ခုအနေနဲ့ GPU ပြတ်လပ်မှုဒဏ်ကို လျှော့ချဖို့၊ Inference တစ်ခုချင်းစီရဲ့ Cost per token ကို အတတ်နိုင်ဆုံး နှိမ်ချဖို့နဲ့ ဈေးကွက်ထဲမှာ ညှိနှိုင်းနိုင်စွမ်း (Negotiating Leverage) မြှင့်တင်ဖို့အတွက် Google TPU တွေဆီ ခြေဆန့်လာတာဟာ နည်းဗျူဟာအရ အလွန်အမြော်အမြင်ရှိတဲ့ ခြေလှမ်းတစ်ခုပါ။ 🫠 အော်... ပြီးတော့ သိလား၊ Google နဲ့ OpenAI ဆိုတာ Chatbot နဲ့ AI Agent လောကမှာ ပြိုင်ဘက်အရင်းခေါက်ခေါက်ကြီးတွေလေ။ အခုလို ကိုယ့်ရဲ့ တိုက်ရိုက်ပြိုင်ဘက်ဆီကနေ Chip တွေ ဝယ်သုံးရမယ့် အခြေအနေမျိုးအထိ ဖြစ်လာတာကိုက AI Industry ထဲက မဟာမိတ်ဆက်ဆံရေးတွေဟာ ဘယ်လောက်တောင် အပြောင်းအလဲမြန်ပြီး စိတ်ဝင်စားဖို့ကောင်းသလဲဆိုတာ ပြနေတာပါပဲ။ 😉 ဆိုတော့ ဘာပဲဖြစ်ဖြစ် နည်းပညာတွေနဲ့ AI တွေက တစ်ရက်နဲ့တစ်ရက် အပြိုင်အဆိုင် တိုးတက်လာနေတာဆိုတော့ ကိုယ့်လူတို့တွေအနေနဲ့ နေ့တိုင်း မျက်စိဖွင့် နားစွင့်ထားဖို့တော့လိုမယ်နော်။ နည်းပညာဆိုတာက အသွားနှစ်ဖက်ပါတဲ့ဓားသွားဖြစ်တာမို့လို့ သူ့ရဲ့ကောင်းကျိုးတွေနဲ့ ဖြစ်လာနိုင်တဲ့ အပြောင်းအလဲတွေကို ကိုယ်ကကြိုသိထားမှ အရာရာကို ပြင်ဆင်ထားလို့ရမှာဖြစ်သလို စီးပွားရေးရှုထောင့်အရကြည့်မယ်ဆိုရင်လည်း AI Model တွေတင်မကဘဲ နောက်ကွယ်က Compute ကုန်ကျစရိတ်တွေနဲ့ အခြေခံအဆောက်အအုံပိုင်းမှာပါ အပြိုင်အဆိုင်ဖြစ်လာတာကို ချိန်ဆပြီး ကိုယ့်ရဲ့လုပ်ငန်းကိုညှိနိုင်မှ ကိုယ့်လုပ်ငန်းကတိုးတက်ပြီး အမြဲရှေ့ရောက်နေမှာ... Sources & References - OpenAI Reportedly Plans to Buy Google TPUs: Claimed vs Verified — explainx.ai (https://explainx.ai/blog/openai-google-tpu-purchase-the-information-claimed-vs-verified-2026) - Google's AI chip business is getting harder for Nvidia to ignore — Business Insider (https://www.businessinsider.com/google-ai-chip-business-oracle-tpus-nvidia-threat-anthropic-openai-2026-10) - OpenAI Reportedly Plans to Buy Google's AI Chips — The Motley Fool (https://www.fool.com/investing/2026/10/28/openai-reportedly-plans-to-buy-google-s-ai-chips-should-you-sell-nvidia-stock/)

Telegram ↗

ဆက်လက် ဆွေးနွေးကြမယ်

ဆောင်းပါးသိမ်းရန်၊ Reaction နှင့် Comment ပေးရန် Login ဝင်ပါ။