AI PROMPT LIBRARY

Static shotYouTube
CAMERA MOVEMENT16:9

Static shotအငြိမ် ရိုက်ချက်

Locked-off static shot. The camera does not move at all. Subject centred in frame, tripod-steady, no drift, no shake. Let the action move inside a still frame.ကင်မရာကိုမလှုပ်ဘဲ အငြိမ်လေးရိုက်တဲ့ Shot ပါ။ စကားပြောတဲ့ဗီဒီယိုတွေ၊ Product ပြတာတွေအတွက် အဆင်အပြေဆုံးဖြစ်သလို အခြေခံအကျဆုံး shot လည်းဖြစ်တာမို့ အခုမှစမယ့်တဲ့သူတွေအနေနဲ့ ဒါလေးနဲ့ အရင်စကြည့်ပါ။

Pan RightYouTube
CAMERA MOVEMENT16:9

Pan Rightညာဘက်လှည့် မြင်ကွင်း

The camera stays in one place and rotates smoothly to the right on a level axis. Steady constant speed, horizon stays flat, revealing what was outside the right edge of frame.ကင်မရာမရွှေ့ဘဲ ညာဘက်ကိုဖြည်းဖြည်းလေး လှည့်သွားတဲ့ရိုက်ချက်ပါ။ ဒီ Shot ကို ညာဘက်က မြင်ကွင်းကျယ်တွေပြချင်တဲ့အခါ သုံးလို့ ကောင်းပါတယ်။

Pan LeftYouTube
CAMERA MOVEMENT16:9

Pan Leftဘယ်ဘက်လှည့် မြင်ကွင်း

The camera stays in one place and rotates smoothly to the left on a level axis. Steady constant speed, horizon stays flat, revealing what was outside the left edge of frame.ကင်မရာမရွှေ့ဘဲ ဘယ်ဘက်ကိုဖြည်းဖြည်းလေး လှည့်သွားတဲ့ရိုက်ချက်ပါ။ ဒီ Shot ကို ဘယ်ဘက်က မြင်ကွင်းကျယ်တွေပြချင်တဲ့အခါ သုံးလို့ ကောင်းပါတယ်။

Whip Pan RightYouTube
CAMERA MOVEMENT16:9

Whip Pan Rightညာဘက်ဝှစ်ခနဲ ရိုက်ချက်

Extremely fast whip pan to the right. The frame blurs into horizontal streaks at the midpoint, then snaps to a clean stop on the new subject. Motion blur is the point.ကင်မရာကို ညာဘက်ခြမ်းဆီ ဝှစ်ခနဲ အမြန်လှည့်လိုက်တာမျိုးပါ။ သူ့ကိုတော့ Scene တစ်ခုနဲ့တစ်ခု၊ တစ်ခန်းနဲ့တစ်ခန်း အကူးအပြောင်း (transition) လုပ်တဲ့နေရာမှာ အသုံးများတယ်။ ဒါပေမယ့် ခဏခဏသုံးရင် ကြည့်တဲ့သူတွေကို မျက်စိနောက်စေတာမို့လို့ အခြေအနေအပေါ်မူတည်ပြီးတော့ ဗီဒီယိုတစ်ခုလုံးမှာ တစ်ခါနှစ်ခါထက် ပိုမသုံးတာ အကောင်းဆုံးပါ။

Whip Pan LeftYouTube
CAMERA MOVEMENT16:9

Whip Pan Leftဘယ်ဘက်ဝှစ်ခနဲ ရိုက်ချက်

Extremely fast whip pan to the left. Horizontal motion blur through the middle of the move, landing hard and steady on the new subject.ကင်မရာကို ဘယ်ဘက်ခြမ်းဆီ ဝှစ်ခနဲ အမြန်လှည့်လိုက်တာမျိုးပါ။ သူ့ကိုတော့ Scene တစ်ခုနဲ့တစ်ခု၊ တစ်ခန်းနဲ့တစ်ခန်း အကူးအပြောင်း (transition) လုပ်တဲ့နေရာမှာ အသုံးများတယ်။ ဒါပေမယ့် ခဏခဏသုံးရင် ကြည့်တဲ့သူတွေကို မျက်စိနောက်စေတာမို့လို့ အခြေအနေအပေါ်မူတည်ပြီးတော့ ဗီဒီယိုတစ်ခုလုံးမှာ တစ်ခါနှစ်ခါထက် ပိုမသုံးတာ အကောင်းဆုံးပါ။

Tilt UpYouTube
CAMERA MOVEMENT16:9

Tilt Upကင်မရာအပေါ်မော့ ရိုက်ချက်

The camera is fixed in place and tilts upward from a low starting point, revealing height. Slow and even, ending with the subject towering above the lens.ဒီ Shot က အောက်ကနေ အပေါ်ဘက်ကို မော့ကြည့်လိုက်သလို ရိုက်တာမျိုးပေါ့။ ဇာတ်ကောင်ကို အထင်ကြီးစရာကောင်းအောင်နဲ့ အထာကျကျ ပြချင်ရင် ဒါလေးသုံးလို့ရတယ်။

Tilt DownYouTube
CAMERA MOVEMENT16:9

Tilt Downကင်မရာအောက်ငုံ့ ရိုက်ချက်

The camera is fixed in place and tilts downward from a high starting point. Slow and even, settling on the subject below.ဒီ Shot က အပေါ်ကနေ အောက်ဘက်ကို ငုံ့ကြည့်လိုက်သလို ရိုက်တာမျိုးပေါ့။ တစ်ယောက်ယောက် စိတ်ဓာတ်ကျအားငယ်နေတာမျိုး ဒါမှမဟုတ် ဇာတ်သိမ်းတစ်ခုခုကိုပြချင်တဲ့အခါ ဒါလေးသုံးလို့ရတယ်။

Slow Zoom InYouTube
CAMERA MOVEMENT16:9

Slow Zoom Inအနီး Zoom ဆွဲ အနှေးရိုက်ချက်

Very slow, almost invisible zoom in on a static camera. Framing tightens gradually over the whole shot. The camera body never moves, only the lens.မသိမသာလေးနဲ့ ဖြည်းဖြည်းချင်း အနီးကပ် Zoom ဝင်သွားတဲ့ ရိုက်ကွက်ပါ။ ဒီ Shot က ကြည့်နေတဲ့သူကို ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ Tension ကို တဖြည်းဖြည်း တင်ပေးသွားတယ်။ ဒါကို စကားအလေးအနက်ပြောတဲ့ အခန်းတွေမှာသုံးရင် အမိုက်ဆုံးပဲ။

Slow Zoom OutYouTube
CAMERA MOVEMENT16:9

Slow Zoom Outအဝေး Zoom ဆွဲ အနှေးရိုက်ချက်

Very slow zoom out from a static camera. The frame widens gradually, letting more of the surroundings enter without the camera itself moving.မြင်ကွင်းကို ဖြည်းဖြည်းချင်း Zoom ထုတ်ပြတဲ့ ရိုက်ကွက်ပါ။ ဒီ Shot က တစ်ယောက်တည်းကျန်ခဲ့တဲ့ ခံစားချက်ကိုပြဖို့နဲ့ ပတ်ဝန်းကျင်ကြီး ဘယ်လောက်တောင် ကျယ်ပြောလဲဆိုတာကို ပြချင်တဲ့အခါ သုံးပါတယ်။

Fast Zoom InYouTube
CAMERA MOVEMENT16:9

Fast Zoom Inအနီး Zoom ဆွဲ အမြန်ရိုက်ချက်

Quick, decisive zoom in over about one second. Starts wide, lands tight on the subject and holds. Sharp but controlled, not a snap.ဖြတ်ခနဲ အနီးကပ် အမြန် Zoom ချဲ့ဝင်သွားတဲ့ ရိုက်ကွက်ပါ။ တကယ်အရေးကြီးတဲ့ အဓိက Key Point တစ်ခုခုကို ကြည့်တဲ့သူတွေ သတိထားမိအောင် ပြချင်တဲ့အခါ ဒီ Shot ကို အသုံးများကြပါတယ်။

Fast Zoom OutYouTube
CAMERA MOVEMENT16:9

Fast Zoom Outအဝေး Zoom ဆွဲ အမြန်ရိုက်ချက်

Quick zoom out over about one second, from a tight frame to a wide one. Reveals context fast without moving the camera body.အဝေးဆီ ဖြတ်ခနဲ အမြန် Zoom ဆွဲထုတ်ပြလိုက်တဲ့ ရိုက်ကွက်ပါ။ 'တကယ်တော့ ဒီကိစ္စက ဒီလောက်တောင်ကြီးတာနော်' ဆိုပြီး ကြည့်တဲ့သူတွေကို ကွက်ကွက်ကွင်းကွင်း မြင်သွားစေချင်တဲ့အခါ သုံးကြပါတယ်။

Crash Zoom InYouTube
CAMERA MOVEMENT16:9

Crash Zoom Inအနီး Zoom ဆွဲ ရုတ်တရက်ရိုက်ချက်

Violent crash zoom in. The lens slams from wide to extreme close-up in a fraction of a second, with a hard stop. Aggressive, comedic or shocking.မျက်စိတစ်မှိတ်အတွင်း ဝုန်းခနဲဆွဲကပ်လိုက်တဲ့ Zoom မျိုးပေါ့။ ဒီ Zoom ကို ဟာသအခန်းတွေနဲ့ ရုတ်တရက်အံ့သြပြီး Shock ဖြစ်သွားတဲ့ အခိုက်အတန့်တွေမှာ သုံးရတာ တကယ်မိုက်တယ်။

Crash Zoom OutYouTube
CAMERA MOVEMENT16:9

Crash Zoom Outအဝေး Zoom ဆွဲ ရုတ်တရက်ရိုက်ချက်

Violent crash zoom out. Snaps from extreme close-up to wide in a fraction of a second, hard stop at the end.မျက်စိတစ်မှိတ်အတွင်း ဝုန်းခနဲ အဝေးကိုဆွဲထုတ်လိုက်တဲ့ Zoom မျိုးပေါ့။ ဒီ Zoom ကို ဖြစ်နေတဲ့ပြဿနာက ဘယ်လောက်တောင် ကြီးမားနေလဲဆိုတာ မျက်စိတစ်မှိတ်အတွင်း ရုတ်တရက်ပြလိုက်တဲ့နေရာမျိုးတွေမှာ သုံးပါတယ်။

Dolly InYouTube
CAMERA MOVEMENT16:9

Dolly Inကင်မရာရှေ့တိုး အနီးရိုက်ချက်

The entire camera moves physically forward toward the subject on a smooth dolly. Perspective shifts and the background compresses — this is not a zoom.Zoom ဆွဲတာမျိုးမဟုတ်ဘဲ ကင်မရာကြီးတစ်ခုလုံး ရှေ့တိုးသွားတာမျိုးဖြစ်တဲ့အတွက် Background အမြင်ပါလိုက်ပြောင်းသွားလို့ ပိုပြီး သဘာဝကျကျ အသက်ဝင်စေတယ်။

Dolly OutYouTube
CAMERA MOVEMENT16:9

Dolly Outကင်မရာနောက်ဆုတ် အဝေးရိုက်ချက်

The camera pulls physically backward away from the subject on a smooth dolly, opening the frame and increasing the distance between viewer and subject.ကင်မရာကိုယ်တိုင် အနောက်ဘက်ဆီ ဖြည်းဖြည်းချင်း ဆုတ်သွားတဲ့ Shot မို့လို့ လူတစ်ယောက်က ကိုယ့်ကိုထားခဲ့လို့ ဝေးကွာသွားရတဲ့ခံစားချက် ဒါမှမဟုတ် ဇာတ်လမ်းတစ်ခန်း ပြီးသွားပြီဆိုတဲ့ ခံစားချက်မျိုး ပေးချင်တာမျိုးဆိုရင် ဒါလေးသုံးကြည့်ပါ။

Tracking ShotYouTube
CAMERA MOVEMENT16:9

Tracking Shotဇာတ်ကောင်နောက် ရွေ့ရိုက်ချက်

The camera travels alongside a moving subject, holding them at a constant size and position in frame while the background streaks past.လှုပ်ရှားနေတဲ့ လူ ဒါမှမဟုတ် ပစ္စည်းနောက်ကို ကင်မရာက အတူတူလိုက်ရွေ့သွားတဲ့ ရိုက်ကွက်မျိုးဖြစ်တာကြောင့် လမ်းလျှောက်ရင်း စကားပြောနေတဲ့ Vlog တွေ၊ Scene တွေမှာသုံးရတာ တကယ်မိုက်တယ်။

Follow ShotYouTube
CAMERA MOVEMENT16:9

Follow Shotဇာတ်ကောင်အနောက် လိုက်ရိုက်ချက်

The camera follows directly behind the subject at a steady distance, over the shoulder, moving as they move. The viewer walks in their footsteps.ပခုံးနောက်ကနေ တောက်လျှောက်လိုက်ရိုက်တဲ့ ရိုက်ကွက်မျိုးဖြစ်ပြီးတော့ ကြည့်နေတဲ့သူကိုယ်တိုင် ဇာတ်ကောင်နဲ့အတူ အနောက်ကနေ လိုက်သွားနေရသလို အသက်ဝင်တဲ့ ခံစားချက်မျိုးရချင်တယ်ဆိုရင် ဒီ Shot ကို သုံးလို့ရတယ်။

Reverse TrackingYouTube
CAMERA MOVEMENT16:9

Reverse Trackingအရှေ့မှနောက်ဆုတ် လိုက်ရိုက်ချက်

The camera moves backward in front of a walking subject, keeping them facing the lens at a constant distance. Classic walk-and-talk.လူ့အရှေ့ကနေ ကင်မရာနောက်ပြန်ဆုတ်ရင်း လိုက်ရိုက်တဲ့ ရိုက်ကွက်ပါ။ ဒီ Shot က လမ်းလျှောက်ရင်း စကားပြောတဲ့အခန်းတွေအတွက်တော့ Classic ဖြစ်တဲ့ ဂန္တဝင်နည်းလမ်းတစ်ခုပေါ့။

Side TrackingYouTube
CAMERA MOVEMENT16:9

Side Trackingဘေးတိုက်အတူရွေ့ လိုက်ရိုက်ချက်

The camera moves laterally, perfectly parallel to the subject, at ninety degrees to their direction of travel. Foreground objects sweep through frame.ဘေးကနေ အမြန်နှုန်းတူတူ ပြေးလိုက်ပြီးတော့ ရိုက်တဲ့ Shot မျိုးပေါ့။ တစ်ခါတစ်လေ ကင်မရာရှေ့ကနေ သစ်ပင်တွေ၊ တိုင်တွေ ဖြတ်ဖြတ်သွားရင် ရှေ့ခံနောက်ခံ အလွှာထပ်နေသလိုမျိုးဖြစ်သွားတာမို့လို့ ပိုကြည့်ကောင်းသွားသလို အရမ်းလည်း Cinematic ဆန်ပါတယ်။

Low TrackingYouTube
CAMERA MOVEMENT16:9

Low Trackingမြေပြင်အနီး အနိမ့်လိုက်ရိုက်ချက်

The camera tracks at ground level, only a few inches above the floor, moving forward with the subject. Feet, wheels and the ground dominate the frame.ကင်မရာကို မြေပြင်နားကပ်ပြီး လိုက်ရိုက်တဲ့ ရိုက်ကွက်မျိုးပေါ့။ ဒီ Shot ကတော့ မြန်မြန်ဆန်ဆန်သွားနေတဲ့အရှိန်နဲ့ အားပါတဲ့ခံစားချက်မျိုးပေးချင်ရင် ဒါလေးက အသင့်တော်ဆုံးပဲ။

Interior Car ShotYouTube
CAMERA MOVEMENT16:9

Interior Car Shotယာဉ်အတွင်းခန်း အနီးကပ်ရိုက်ချက်

Interior car shot from the back seat, steady locked-off camera facing the passenger, city night street lights reflecting on the car window, cinematic moody lighting, shallow depth of field, realistic car interior ambianceကားအတွင်းခန်းထဲကနေ ဇာတ်ကောင်ကို အနီးကပ်ချိန်ရိုက်တဲ့ ရိုက်ကွက်ပါ။ ဒီလို Shot မျိုးက ညဘက် လမ်းမီးရောင်တွေနဲ့အတူ ဇာတ်ကောင်ရဲ့စိတ်ခံစားချက်ကို Mood အပြည့်နဲ့ပေါ်လွင်စေဖို့ကွက်တိပဲ။

Chase ShotYouTube
CAMERA MOVEMENT16:9

Chase Shotအပြေးအလွှား လိုက်ရိုက်ချက်

The camera chases the subject at speed, slightly unstable, gaining and losing ground. Urgency in the movement itself.ဒီလို Shot ကတော့ ဇာတ်ကောင်ကို အခြေတည်ပြီး အပြေးအလွှား လိုက်ရိုက်တာမျိုးပေါ့။ အရမ်းကြီးငြိမ်မနေဘဲ နည်းနည်းလေးတုန်ခါနေမှ တကယ့် လက်တွေ့အခြေအနေအတိုင်း ပိုပြီးအသက်ဝင်တာ။

Truck RightYouTube
CAMERA MOVEMENT16:9

Truck Rightညာဘက် ဘေးတိုက်ရွေ့ရိုက်ချက်

The whole camera slides bodily to the right while continuing to face forward. It does not rotate — the entire viewpoint translates sideways.ကင်မရာခေါင်းလှည့်တာမဟုတ်ဘဲ ကင်မရာကိုယ်တိုင် ညာဘက်ကိုဘေးတိုက်ရွေ့တဲ့ ရိုက်ကွက်ပါ။ ကင်မရာကြီးတစ်ခုလုံး ညာဘက်ဆီဘေးတိုက်ရွေ့သွားတာမျိုးပေါ့ (လှည့်လိုက်တာ မဟုတ်သလို Pan လုပ်တာနဲ့လည်း မတူပါဘူး။)

Truck LeftYouTube
CAMERA MOVEMENT16:9

Truck Leftဘယ်ဘက် ဘေးတိုက်ရွေ့ရိုက်ချက်

The whole camera slides bodily to the left, lens still facing forward, no rotation.ဒါလည်း ကင်မရာခေါင်းလှည့်တာမဟုတ်ဘဲ ကင်မရာကိုယ်တိုင် ဘယ်ဘက်ကိုဘေးတိုက်ရွေ့တဲ့ ရိုက်ကွက်ပါ။ ကင်မရာကြီးတစ်ခုလုံး ဘယ်ဘက်ဆီဘေးတိုက်ရွေ့သွားတာမျိုးပေါ့ (လှည့်လိုက်တာ မဟုတ်သလို Pan လုပ်တာနဲ့လည်း မတူပါဘူး။)

Pedestal UpYouTube
CAMERA MOVEMENT16:9

Pedestal Upအပေါ်ဒေါင်လိုက်မတင် ရိုက်ချက်

The camera rises vertically on its column while the lens stays level and forward-facing. The framing lifts, the angle does not tilt.ကင်မရာကြီးတစ်ခုလုံး ဒေါင်လိုက် အပေါ်တည့်တည့်တက်သွားတဲ့ရိုက်ကွက်မျိုးပေါ့။ မော့ကြည့်တာမျိုးမဟုတ်ဘဲ ကင်မရာတစ်ခုလုံးအပေါ်ကို လိုက်တက်သွားတာပါ။

Pedestal DownYouTube
CAMERA MOVEMENT16:9

Pedestal Downအောက်ဒေါင်လိုက်နှိမ့်ချ ရိုက်ချက်

The camera lowers vertically on its column, lens staying level and forward-facing throughout.ကင်မရာကြီးတစ်ခုလုံး ဒေါင်လိုက် အောက်တည့်တည့်ကျသွားတဲ့ရိုက်ကွက်မျိုးပေါ့။ အောက်ငုံ့ကြည့်တာမျိုးမဟုတ်ဘဲ ကင်မရာတစ်ခုလုံးအောက်ကို ချလိုက်တာပါ။

Slider RightYouTube
CAMERA MOVEMENT16:9

Slider Rightတာတို ညာဘက်ရွေ့ရိုက်ချက်

Short, precise slider move to the right — a few feet at most. Smooth, mechanical, revealing a small parallax shift between foreground and background.ညာဘက်ဆီ အကွာအဝေးတိုတိုလေးနဲ့ ရွေ့သွားတဲ့ရိုက်ကွက်မျိုးဖြစ်တာမို့လို့ Product ပစ္စည်းတွေကို Cinematic ဆန်ဆန်ရိုက်ဖို့အတွက်ဆိုရင်တော့ ကွက်တိပဲ။

Slider LeftYouTube
CAMERA MOVEMENT16:9

Slider Leftတာတို ဘယ်ဘက်ရွေ့ရိုက်ချက်

Short, precise slider move to the left. Controlled and mechanical, with visible parallax between the near and far planes.ဒါလည်း ဘက်ဘက်ဆီ အကွာအဝေးတိုတိုလေးနဲ့ ရွေ့သွားတဲ့ရိုက်ကွက်မျိုးဖြစ်တာမို့လို့ Product ပစ္စည်းတွေကို Cinematic ဆန်ဆန်ရိုက်ဖို့အတွက်ဆိုရင်တော့ ကွက်တိပါပဲ။

Push PastYouTube
CAMERA MOVEMENT16:9

Push Pastကျော်လွန်တိုးဝင် ရိုက်ချက်

The camera pushes forward and passes close by a foreground object, which sweeps out of frame, revealing the subject beyond it.ရှေ့မှာရှိနေတဲ့အရာတစ်ခုခုကို ကျော်ဖြတ်တိုးဝင်သွားပြီးမှ နောက်က အဓိက Subject ကို ဖော်ပြတဲ့ရိုက်ကွက်မျိုးပေါ့။ ဒီ Shot က မြင်ကွင်းအသစ်တစ်ခုကို ဖြည်းဖြည်းချင်းဖွင့်ပြလိုက်တဲ့ ခံစားချက်အပြည့် ရစေပါတယ်။

Arc RightYouTube
CAMERA MOVEMENT16:9

Arc Rightညာဘက်အဝိုက်ပတ် ရိုက်ချက်

The camera moves in a curved path to the right around the subject, keeping them framed centre as the background rotates behind them.ဇာတ်ကောင်ကို အလယ်မှာဗဟိုပြုထားပြီး ကင်မရာကို ညာဘက်ဆီ အကွေးလိုက် ဝိုက်ပတ်ရွေ့သွားတဲ့ ရိုက်ကွက်ပါ။

Arc LeftYouTube
CAMERA MOVEMENT16:9

Arc Leftဘယ်ဘက်အဝိုက်ပတ် ရိုက်ချက်

The camera moves in a curved path to the left around the subject, subject centred, background swinging behind.ဇာတ်ကောင်ကို အလယ်မှာဗဟိုပြုထားပြီး ကင်မရာကို ဘယ်ဘက်ဆီ အကွေးလိုက် ဝိုက်ပတ်ရွေ့သွားတဲ့ ရိုက်ကွက်ပါ။

Orbit ClockwiseYouTube
CAMERA MOVEMENT16:9

Orbit Clockwiseနာရီလက်တံ စက်ဝိုင်းပတ်ရိုက်ချက်

The camera makes a full circular orbit clockwise around the subject at a fixed radius, subject locked dead centre the entire way.ဇာတ်ကောင်ရဲ့ပတ်ပတ်လည်ကို တစ်ပတ်အပြည့် လှည့်ပတ်ရိုက်ပြတဲ့ ရိုက်ကွက်မျိုးဖြစ်တာမို့ Product Showcase ပြဖို့ပဲဖြစ်ဖြစ်၊ လူတစ်ယောက်တည်းကို သီးသန့်အသားပေးပြီး ပြချင်တဲ့အခါမှာပဲဖြစ်ဖြစ် ဒီလို Shot မျိုးက အကောင်းဆုံးပါပဲ။

Orbit CounterclockwiseYouTube
CAMERA MOVEMENT16:9

Orbit Counterclockwiseနာရီလက်တံပြောင်းပြန် စက်ဝိုင်းပတ် ရိုက်ချက်

A full circular orbit counterclockwise around the subject, fixed radius, subject held at the centre of frame throughout.ဇာတ်ကောင်ရဲ့ပတ်ပတ်လည်ကို တစ်ပတ်အပြည့် နာရီလက်တံပြောင်းပြန် လှည့်ပတ်ရိုက်ပြတဲ့ ရိုက်ကွက်မျိုးဖြစ်တာမို့ Product Showcase ပြဖို့ပဲဖြစ်ဖြစ်၊ လူတစ်ယောက်တည်းကို သီးသန့်အသားပေးပြီး ပြချင်တဲ့အခါမှာပဲဖြစ်ဖြစ် ဒီလို Shot မျိုးက အကောင်းဆုံးပါပဲ။

Handheld ShotYouTube
CAMERA MOVEMENT16:9

Handheld Shotကင်မရာ လက်ကိုင်ရိုက်ချက်

Handheld camera with natural human breathing movement — small constant corrections, slight drift, never mechanically smooth. Documentary feel.ကင်မရာကို လက်နဲ့ပဲကိုင်ရိုက်တာမျိုးဖြစ်တဲ့အတွက် နည်းနည်းလေး လှုပ်ခါနေတာက တကယ့် လက်တွေ့အဖြစ်အပျက်လို ခံစားမှုမျိုး ပေးစွမ်းနိုင်တာကြောင့်မို့လို့ သတင်း ဒါမှမဟုတ် မှတ်တမ်းတင်ရုပ်ရှင် (Documentary) စတိုင်တွေမှာ အသုံးများပါတယ်။

Body-Mounted CameraYouTube
CAMERA MOVEMENT16:9

Body-Mounted Cameraကိုယ်ထည်တပ်ဆင် ရိုက်ချက်

Camera rigged to the subject so they stay perfectly still in frame while the entire world moves and swings behind them. Disorienting on purpose.ဇာတ်ကောင်ရဲ့ကိုယ်ပေါ်မှာ ကင်မရာတပ်ဆင်ထားပြီး ရိုက်တဲ့ Shot မျိုးပေါ့။ အဲ့ဒီ Shot မှာ ဇာတ်ကောင်ကိုယ်တိုင်က ငြိမ်နေပြီးတော့ နောက်ခံပတ်ဝန်းကျင်ကြီးက လှုပ်ရှားနေတာမို့လို့ မျက်စိလည်တာ ဒါမှမဟုတ် စိတ်တွေရှုပ်ထွေးမူးဝေနေတာမျိုး အစရှိတဲ့ခံစားချက်ကိုဖော်ပြဖို့ အဓိကသုံးကြပါတယ်။

Crane UpYouTube
CAMERA MOVEMENT16:9

Crane Upကရိန်းအပေါ်မြှင့် ရိုက်ချက်

The camera rises on a crane arm from eye level up to a high vantage, sweeping upward and often tilting down to keep the subject in frame.ကရိန်းလက်တံနဲ့ ကင်မရာကို အပေါ်အမြင့်ကြီးဆီ မြှင့်တင်ပြီးတော့ရိုက်တဲ့ ရိုက်ကွက်ပါ။ ဒီရိုက်ကွက်က ဇာတ်လမ်းတစ်ပုဒ် ဒါမှမဟုတ် အခန်းတစ်ခုကို ခမ်းခမ်းနားနားနဲ့ ဇာတ်သိမ်း၊ အဆုံးသတ်ပြလို့ အတော်မိုက်ပါတယ်။

Crane DownYouTube
CAMERA MOVEMENT16:9

Crane Downကရိန်းအောက်နှိမ့် ရိုက်ချက်

The camera descends on a crane arm from a high position down to eye level, settling into the scene.အပေါ်အမြင့်ကြီးကနေ အောက်ကိုဖြည်းဖြည်းချင်း ဆင်းလာပြီး လူတွေဆီ ကွက်တိ ရောက်သွားတဲ့ရိုက်ကွက်မို့လို့ ဇာတ်လမ်းအစဖွင့်ဖို့နဲ့ မြင်ကွင်းမိတ်ဆက်ဖို့ အကောင်းဆုံးပါပဲ။

Drone Push InYouTube
CAMERA MOVEMENT16:9

Drone Push Inအရှေ့ပျံသန်းတိုးဝင် ဒရုန်းရိုက်ချက်

An aerial drone flies steadily forward toward the subject from a distance, closing in smoothly while holding altitude.ဒရုန်းနဲ့ အဝေးကနေ ဇာတ်ကောင်ရှေ့ဆီ တိုးဝင်လာတဲ့ ရိုက်ကွက်ပါ။

Drone Pull BackYouTube
CAMERA MOVEMENT16:9

Drone Pull Backအနောက်ပျံသန်းဆုတ်ခွာ ဒရုန်းရိုက်ချက်

An aerial drone flies backward and upward away from the subject, revealing the full landscape they are standing in.ဒရုန်းက အနောက်ကို ဖြည်းဖြည်းချင်းဆုတ်ရင်းနဲ့ ကောင်းကင်ပေါ်ပျံတက်သွားတဲ့ရိုက်ကွက်မျိုးပါ။ ဒီရိုက်ကွက်က လောကကြီးထဲမှာ လူတစ်ယောက်တည်း ဘယ်လောက်တောင် သေးငယ်အထီးကျန်နေသလဲဆိုတဲ့ခံစားချက်မျိုးကို ဖော်ပြချင်တဲ့အခါ အကောင်းဆုံးပါပဲ။

Helicopter ShotYouTube
CAMERA MOVEMENT16:9

Helicopter Shotရဟတ်ယာဉ်ပေါ်မှ ဝေဟင်ရိုက်ချက်

A high, fast aerial pass over the landscape at speed and altitude, sweeping across terrain in a single continuous move.မိုးပေါ်အမြင့်ကြီးကနေ မြေပြင်ရှုခင်း ဒါမှမဟုတ် တောင်တန်းမြို့ပြကြီးကို အရှိန်ပြင်းပြင်းနဲ့ တောက်လျှောက် လျှောခနဲ ဖြတ်ကျော်ပျံသန်းပြီးတော့ရိုက်တဲ့ ဝေဟင်ရိုက်ချက်မျိုးပါ။ ရုပ်ရှင်အစတွေမှာ မြင်ကွင်းကျယ်ကြီးကို ခမ်းခမ်းနားနား ဖွင့်ပြချင်တဲ့အခါ ဒါမှမဟုတ် ဇာတ်လမ်းအရှိန်ကို မြှင့်တင်ချင်တဲ့အခါ အသုံးများပါတယ်။

First-Person ViewYouTube
CAMERA MOVEMENT16:9

First-Person Viewမျက်လုံးအမြင် ရိုက်ချက်

Point-of-view shot from the subject's own eyes. Their hands enter frame from below, head movement drives the camera, natural micro-shake.ဇာတ်ကောင်ရဲ့မျက်လုံးနေရာကနေ တိုက်ရိုက်မြင်နေရတဲ့ မြင်ကွင်းမျိုးဖြစ်ပြီးတော့ ကိုယ်ကိုယ်တိုင် ဇာတ်ကောင်နေရာရောက်နေသလို ခံစားရစေတာမို့လို့ Immersive Feel အပြည့် ရစေပါတယ်။

Tilt-ShiftYouTube
CAMERA MOVEMENT16:9

Tilt-Shiftအရုပ်မော်ဒယ်ပုံစံ ရိုက်ချက်

Tilt-shift effect: an extremely shallow band of focus across the middle of frame with heavy blur above and below, making a real scene look like a miniature model.တကယ့် အပြင်လောကမြင်ကွင်းကို အရုပ်မော်ဒယ်လေးတွေလို ပြောင်းလဲပြသပေးတဲ့ ရိုက်နည်းမျိုးပေါ့။ အထူးသဖြင့် မြို့ပြမြင်ကွင်းကျယ်တွေမှာရိုက်ရင် သိပ်လှတာ။

Infinite ZoomYouTube
CAMERA MOVEMENT16:9

Infinite Zoomအဆုံးမရှိ Zoom ချဲ့ ရိုက်ချက်

Continuous seamless zoom that never stops, each new layer of the image opening into the next scene without a visible cut.မရပ်မနား ဆက်တိုက်တောက်လျှောက် တစ်ခန်းပြီးတစ်ခန်း Zoom ချဲ့ပြီးဝင်နေတဲ့ ရိုက်ကွက်မျိုးပါ။

Earth Zoom OutYouTube
CAMERA MOVEMENT16:9

Earth Zoom Outကမ္ဘာမြေအဝေးဆွဲထုတ် ရိုက်ချက်

A continuous pull back from a single close subject all the way out through the street, the city, the country and finally the whole planet from orbit.လူတစ်ယောက်တည်းဆီကနေ၊ လမ်းမတွေ၊ မြို့ပြတွေ၊ နိုင်ငံတွေနဲ့ နောက်ဆုံး တစ်ကမ္ဘာလုံးကို အာကာသထဲကနေ လှမ်းမြင်ရတဲ့အထိ နောက်ဆုတ်ပြတဲ့ ရိုက်ချက်မျိုး‌ပေါ့။

Time-LapseYouTube
CAMERA MOVEMENT16:9

Time-Lapseအချိန်အရှိန်မြှင့် ရိုက်ချက်

Static camera, time compressed. Clouds race, shadows swing across the ground and crowds blur into streaks while the frame itself never moves.နာရီပေါင်းများစွာကြာတဲ့ အဖြစ်အပျက်ကြီးတစ်ခုကို စက္ကန့်ပိုင်းလေးအတွင်း မြန်မြန်ဆန်ဆန် ပြီးသွားအောင် အရှိန်မြှင့်ပြတဲ့ ရိုက်ကွက်မျိုးပေါ့။ ဥပမာ - ကောင်းကင်မှာ တိမ်တွေ အပြေးအလွှား လွင့်မျောနေတာ၊ နေဝင်/နေထွက်သွားတာ၊ ညဘက် လမ်းမပေါ်က ကားမီးတန်းလေးတွေ မြန်မြန်ပြေးလွှားနေတာ ဒါမှမဟုတ် ပန်းပွင့်လေး ချက်ချင်း အာလာတာမျိုးတွေကို အချိန်ကုန်လွန်သွားတဲ့ feel ပေးချင်တဲ့အခါ အသုံးများတယ်။

Pass-ThroughYouTube
CAMERA MOVEMENT16:9

Pass-Throughထိုးဖောက်ဖြတ်သန်း ရိုက်ချက်

The camera flies straight through a solid object — a wall, a window, a keyhole — without stopping, emerging into the space on the other side.ကင်မရာ ဒါမှမဟုတ် ဒရုန်းတွေနဲ့ နေရာကျဉ်းကျဉ်းလေးတွေ၊ အတားအဆီးကြားတွေထဲကနေ မရပ်မနား ချောချောမွေ့မွေ့ ထိုးဖောက်ဖြတ်သန်းပြီး ရိုက်သွားတဲ့ ရိုက်ကွက်မျိုးပေါ့။ ဥပမာ - ကားမှန်ပြတင်းပေါက်ကြားကနေ ဖြတ်ဝင်သွားတာ၊ သစ်ကိုင်းခွကြား၊ အဆောက်အအုံ ပြတင်းပေါက် သို့မဟုတ် တံခါးပေါက်ကျဉ်းကျဉ်းလေးထဲကနေ တစ်ဖက်ခြမ်းဆီ ဝှစ်ခနဲ လျှောထွက်သွားတာမျိုးပါ။ ပရိသတ်ကို ရင်တမမနဲ့ visual အလန်းစား feel ပေးချင်တဲ့အခါ အသုံးများတယ်။

Extreme Wide Shot
CAMERA ANGLE16:9

Extreme Wide Shotမြင်ကွင်းကျယ် အဝေးရိုက်ချက်

Extreme wide shot. The subject occupies a small fraction of the frame and the environment dominates. Establishes place before people.လူ ဒါမှမဟုတ် အဓိကဇာတ်ကောင်ထက် ပတ်ဝန်းကျင် ရှုခင်းကြီးကို အဓိကဦးစားပေးပြသတဲ့ အဝေးကြီးက ရိုက်ကွက်မျိုးပေါ့။ တောင်တန်း၊ သဲကန္တာရ၊ သမုဒ္ဒရာ ဒါမှမဟုတ် မြို့ပြကြီးတစ်ခုလုံးကို ကင်မရာ အဝေးဆုံးကနေ လှမ်းရိုက်ထားတာမို့ လူဆိုရင် အစက်အပြောက် သေးသေးလေးလောက်ပဲ မြင်ရတယ်။ ဇာတ်လမ်းဖြစ်ပျက်နေတဲ့ နေရာပတ်ဝန်းကျင်ရဲ့ ခမ်းနားကြီးကျယ်မှု၊ သဘာဝတရားရဲ့ အတိုင်းအတာ ဒါမှမဟုတ် ဇာတ်ကောင်ရဲ့ အထီးကျန်ဆန်မှုကို ပေါ်လွင်စေချင်တဲ့အခါ အသုံးများတယ်။

Wide Shot
CAMERA ANGLE16:9

Wide ShotWide Shot (မြင်ကွင်းကျယ်)

Wide shot. Full body head to toe with clear space above and below. Shows what the subject is doing and where.ဇာတ်ကောင်ရဲ့ ခြေဆုံးခေါင်းဆုံး (တစ်ကိုယ်လုံး) ရုပ်သွင်အပြင်နဲ့ သူရောက်နေတဲ့ ပတ်ဝန်းကျင် အနေအထားကို တစ်ပြိုင်နက်တည်း အပြည့်အစုံမြင်ရအောင် လှမ်းရိုက်တာမျိုးပေါ့။ ဇာတ်ကောင် ဘယ်နေရာမှာ ရှိနေတယ်၊ ဘာလုပ်နေတယ်၊ ပတ်ဝန်းကျင်နဲ့ ဘယ်လို ဆက်စပ်နေတယ်ဆိုတာကို ပရိသတ် မျက်စိထဲ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားအောင် ပြချင်တဲ့အခါ အဓိကသုံးလေ့ရှိတယ်။

Medium Shot
CAMERA ANGLE16:9

Medium ShotMedium Shot (အလယ်အလတ်)

Medium shot framed from the waist up. The working default for talking to camera — hands are visible, face is readable.ဇာတ်ကောင်ရဲ့ ခါးလောက်ကနေ ခေါင်းအထိ အဓိကထား ရိုက်ကူးတာမျိုးပေါ့။ လူနှစ်ယောက် စကားပြောနေတာ၊ အင်တာဗျူး ဖြေနေတာ ဒါမှမဟုတ် ဇာတ်ကောင်ရဲ့ မျက်နှာအမူအရာနဲ့ လက်ဟန်ခြေဟန် လှုပ်ရှားမှုတွေကို သဘာဝကျကျ တစ်ပြိုင်နက်တည်း ကြည့်ရှုစေချင်တဲ့အခါ အသုံးအများဆုံး shot ပါပဲ။ ပရိသတ်နဲ့ အနီးအဝေး သင့်တင့်မျှတပြီး မျက်စိအေးတဲ့ standard ရိုက်ကွက် ဖြစ်ပါတယ်။

Medium Close-Up
CAMERA ANGLE16:9

Medium Close-Upပုခုံးအထက် အနီးကပ်ရိုက်ချက်

Medium close-up from the chest up. Close enough to read every expression, wide enough to keep body language.ဇာတ်ကောင်ရဲ့ ရင်ဘတ် (သို့) ပုခုံးလောက်ကနေ ခေါင်းအထိ အဓိကထား ဖြတ်ရိုက်တာမျိုးပေါ့။ Medium Shot (ခါးလယ်) ထက် ပိုနီးကပ်သွားပြီး ဇာတ်ကောင်ရဲ့ မျက်နှာအမူအရာ၊ မျက်လုံးအရိပ်အကဲနဲ့ စိတ်ခံစားချက်တွေကို ပရိသတ်က ပိုပြီးအနီးကပ် ထိတွေ့ခံစားရစေတယ်။ တစ်ချိန်တည်းမှာပဲ Close-Up လို မျက်နှာချည်းသီးသန့် အတင်းကျဉ်းကျပ်မနေဘဲ ပုခုံးနဲ့ အင်္ကျီအပြင်အဆင် အနည်းငယ် ပါဝင်နေတာမို့ စကားပြောခန်းတွေမှာ အကြည့်ရအသက်သာဆုံးနဲ့ အသုံးအများဆုံး ရိုက်ကွက်ပါပဲ။

Close-Up
CAMERA ANGLE16:9

Close-upClose-up (အနီးကပ်)

Close-up filling the frame with the face, from just above the head to just below the chin. Nowhere for the performance to hide.ဇာတ်ကောင်ရဲ့ မျက်နှာတစ်ခုလုံးကို frame အပြည့်နီးပါး အနီးကပ် ဖြတ်ရိုက်တာမျိုးပေါ့ (မေးစေ့/လည်ပင်းကနေ ခေါင်းထိပ်အထိ)။ ပတ်ဝန်းကျင် အလှအပတွေထက် ဇာတ်ကောင်ရဲ့ မျက်လုံးအကြည့်၊ မျက်ရည်ဝဲတာ၊ မျက်မှောင်ကြုတ်တာ၊ ပြုံးတာလိုမျိုး စိတ်ခံစားချက် (emotion) အပြည့်အဝကို ပရိသတ်ဆီ တိုက်ရိုက် ထိုးဖောက်ရောက်ရှိစေချင်တဲ့အခါ အသုံးများတယ်။ လူတင် မဟုတ်ဘဲ အရေးကြီးတဲ့ ပစ္စည်းတစ်ခုခု (ဥပမာ - လက်စွပ်၊ စာအိတ်၊ လက်ကိုင်ဖုန်း) ကို သေချာဂရုစိုက်ကြည့်စေချင်တဲ့အခါမှာလည်း Close-up ဆွဲရိုက်လေ့ရှိတယ်။

Extreme Close-Up
CAMERA ANGLE16:9

Extreme Close-upExtreme Close-up (အလွန်အနီးကပ်)

Extreme close-up on a single detail — the eyes alone, a hand, an object. Isolated and magnified, everything else excluded.မျက်နှာတစ်ခုလုံးတောင် မဟုတ်တော့ဘဲ သီးသန့်အစိတ်အပိုင်း သေးသေးလေးတစ်ခုတည်းကို frame အပြည့် macro ဆွဲပြီး ကပ်ရိုက်တာမျိုးပေါ့။ ဥပမာ - ကြောက်လန့်တုန်လှုပ်နေတဲ့ မျက်လုံးတစ်ဖက်တည်း၊ တံတွေးမြိုချလိုက်တဲ့ လည်ပင်း၊ နှုတ်ခမ်း လှုပ်ရှားမှု၊ နာရီလက်တံ ရွေ့တာ သို့မဟုတ် သေနတ်မောင်းခလုတ်ဆွဲတဲ့ လက်ချောင်းလေးတစ်ခုတည်းကိုပဲ အနီးကပ်ဆုံး ဖြတ်ရိုက်တာပါ။ ရင်ခုန်စိတ်လှုပ်ရှားမှုကို အထွတ်အထိပ် ရောက်စေချင်တဲ့အခါ ဒါမှမဟုတ် ဇာတ်လမ်းအတွက် အရမ်းအရေးကြီးတဲ့ clue သဲလွန်စလေးတစ်ခုကို မျက်စိမလွဲတမ်း ပြချင်တဲ့အခါ အသုံးများတယ်။

Eye Level
CAMERA ANGLE16:9

Eye Levelမျက်လုံးတစ်ပြေးညီ ရိုက်ချက်

Camera at exactly the subject's eye height, lens level. Neutral and honest — neither party is above the other.ကင်မရာအမြင့်ကို ဇာတ်ကောင်ရဲ့ မျက်လုံးအမြင့်နဲ့ တစ်တန်းတည်းထားပြီး ရှေ့တည့်တည့်ကနေ ရိုက်တာမျိုးပေါ့။ အပေါ်စီးကနေ ငုံ့ကြည့်သလိုမျိုး မဟုတ်သလို၊ အောက်ခြေကနေ မော့ကြည့်သလိုမျိုးလည်း မဟုတ်ပါဘူး။ ဒီ Shot က ပရိသတ်နဲ့ ဇာတ်ကောင်နဲ့ ရှေ့ချင်းဆိုင်ထိုင်ပြီး စကားပြောနေရသလို၊ ဘေးချင်းကပ် ရပ်ကြည့်နေရသလိုမျိုး သဘာဝအကျဆုံး၊ ဘက်မလိုက်ဆုံးနဲ့ အငြိမ်သက်ဆုံး ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။

Low Angle
CAMERA ANGLE16:9

Low AngleLow Angle (အောက်စီး)

Camera below the subject looking up. They fill the sky, dominate the frame and appear powerful.ကင်မရာကို ဇာတ်ကောင်ရဲ့မျက်လုံးအမြင့်ထက် ပိုနိမ့်တဲ့နေရာ (မြေပြင်နား ဒါမှမဟုတ် ခါးအောက်နား) မှာထားပြီး အပေါ်ကို မော့ကြည့်တဲ့ပုံစံမျိုး ရိုက်တာပေါ့။ ဒီလို ရိုက်လိုက်ရင် ဇာတ်ကောင် ဒါမှမဟုတ် အဆောက်အအုံက ပုံမှန်ထက်ပိုပြီး ကြီးမားထည်ဝါသွားသလို၊ အာဏာရှိသလို၊ ခန့်ညားပြီး သြဇာညောင်းတဲ့ hero feel မျိုး (ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ villain feel မျိုး) ကို အလွယ်တကူ ဖန်တီးပေးနိုင်တယ်။

High Angle
CAMERA ANGLE16:9

High AngleHigh Angle (အပေါ်စီး)

Camera above the subject looking down. They appear smaller, and the surroundings press in around them.ကင်မရာကို ဇာတ်ကောင်ရဲ့ မျက်လုံးအမြင့်ထက် ပိုမြင့်တဲ့နေရာမှာထားပြီး အောက်ဘက်ကို ငုံ့ကြည့်တဲ့ ပုံစံမျိုး ရိုက်တာပေါ့။ Low Angle နဲ့ လုံးဝပြောင်းပြန်။ ဒီလို အပေါ်ကနေ ငုံ့ရိုက်တာမျိုးကို ဇာတ်ကောင်က ပုံမှန်ထက် ပိုသေးငယ်သွားသလို၊ အားနည်းပြီး အကာအကွယ်မဲ့နေသလို၊ ကြောက်ရွံ့တုန်လှုပ်နေတာ ဒါမှမဟုတ် တစ်ဖက်လူရဲ့ ဖိနှိပ်လွှမ်းမိုးမှုကို ခံနေရတဲ့ feel မျိုး ပေးချင်တဲ့အခါ အလွန်အသုံးများပါတယ်။

Overhead
CAMERA ANGLE16:9

Overheadထောင့်မှန်ရိုက်ချက်

Camera directly overhead pointing straight down, ninety degrees to the floor. Flattens the scene into a graphic layout.ကင်မရာကို subject ရဲ့ အပေါ်တည့်တည့် ၉၀ ဒီဂရီမှာချိန်ထားပြီး အောက်ကိုပြားပြားကြီး ထောင့်မှန်စိုက်ကြည့်ရိုက်တာမျိုးပေါ့။ စားပွဲပေါ်မှာ ပစ္စည်းတွေ စီစဉ်ပြတာ၊ ချက်ပြုတ်တဲ့ လက်လှုပ်ရှားမှု၊ အိပ်ရာပေါ်မှာ လှဲလျောင်းနေတဲ့ လူ ဒါမှမဟုတ် အကသမားတွေရဲ့ အခင်းအကျင်း ဂျီဩမေတြီ pattern တွေကို မျက်စိရှင်းရှင်း မြင်စေချင်တဲ့အခါ အသုံးများတယ်။ မြင်ကွင်းက 2D ပုံစံ ပြားပြားလေးနဲ့ aesthetic ဖြစ်ပြီး စနစ်တကျ သပ်ရပ်တဲ့ visual vibe မျိုး ရစေပါတယ်။

Dutch Angle
CAMERA ANGLE16:9

Dutch AngleDutch Angle (စောင်းထောင့်)

Camera rolled so the horizon sits at an angle. Deliberate unease — something in the scene is wrong.ကင်မရာရေပြင်ညီမျဉ်းကို တည့်တည့်မထားဘဲ ဘယ် ဒါမှမဟုတ် ညာဘက်ကို တမင်တကာ စောင်းစောင်းကြီးဖြစ်အောင် လှည့်ရိုက်ထားတဲ့ ရိုက်ကွက်မျိုးပေါ့။ မြင်ကွင်းတစ်ခုလုံး စောင်းရွဲ့သွားတာမို့ ပရိသတ်ကို ကြည့်ရတာ တစ်ခုခု မူမမှန်တော့ဘူး၊ အခြေအနေ မဟန်တော့ဘူး၊ မငြိမ်မသက်ဖြစ်နေတယ်၊ စိတ်ကယောင်ချောက်ချား ဖြစ်နေတယ် ဒါမှမဟုတ် အန္တရာယ်တစ်ခုခု နီးကပ်လာပြီဆိုတဲ့ စိတ်မလုံခြုံတဲ့ feel မျိုး ပေးချင်တဲ့အခါ အလွန်အသုံးများတယ်။

Profile
CAMERA ANGLE16:9

Profileဘေးတိုက် ရိုက်ချက်

Pure ninety-degree side profile. Nose, lips and chin read as a silhouette against the background.ဇာတ်ကောင်ရဲ့ မျက်နှာ ဒါမှမဟုတ် တစ်ကိုယ်လုံးကို ရှေ့တည့်တည့်က မဟုတ်ဘဲ ဘေးဘက် တည့်တည့် (၉၀ ဒီဂရီ) ကနေ လှမ်းရိုက်တာမျိုးပေါ့။ မျက်နှာရဲ့ နှာတံ၊ မေးရိုးနဲ့ နှုတ်ခမ်းလိုင်းကြောင်း အလှအပတွေကို ပေါ်လွင်စေချင်တဲ့အခါ၊ လူနှစ်ယောက် မျက်နှာချင်းဆိုင် စကားပြောနေတာကို ဘေးကနေ ယှဉ်ပြချင်တဲ့အခါ ဒါမှမဟုတ် ဇာတ်ကောင်က ပရိသတ်နဲ့ မျက်လုံးချင်းမဆုံဘဲ အတွေးနက်နေတဲ့ ခံစားချက်မျိုး ပေးချင်တဲ့အခါ အလွန်အသုံးများတယ်။

Wide Lens
CAMERA ANGLE16:9

Wide Lensမြင်ကွင်းကျယ် မှန်ဘီလူး

Shot on a 24mm wide lens. Exaggerated depth, stretched edges, a lot of room in a small space. Get close and it distorts.လူ့မျက်စိမြင်ကွင်းထက် ပိုမိုကျယ်ပြန့်တဲ့ ဧရိယာအကျယ်ကြီးကို တစ်ခါတည်း frame ထဲ ဝင်ဆံ့အောင် ဖမ်းယူပေးနိုင်တဲ့ lens အမျိုးအစားမျိုးပေါ့။ နေရာကျဉ်းကျဉ်းလေးထဲမှာ လူအများကြီး ဒါမှမဟုတ် အခန်းတစ်ခုလုံးကို ကွက်တိပါအောင် ရိုက်ချင်တာ၊ တောင်တန်းရှုခင်းကြီးတွေ ခမ်းခမ်းနားနား အကျယ်ကြီး ပေါ်စေချင်တာမျိုးမှာသုံးတယ်။ နောက်ထပ် ထူးခြားချက်ကတော့ ကင်မရာနဲ့နီးတဲ့အရာကို ပိုကြီးသွားစေပြီး ဝေးတဲ့အရာကို ပိုဝေးသွားစေတဲ့ အနီးအဝေးချဲ့ထွင်မှု (perspective distortion) ကို ဖန်တီးပေးတာမို့ visual ကို ပိုမို dynamic ဖြစ်စေပါတယ်။

Standard Lens
CAMERA ANGLE16:9

Standard Lensမျက်စိအမြင် မှန်ဘီလူး

Shot on a 50mm lens. Closest to how the human eye sees — no exaggeration in either direction. The honest lens.လူ့မျက်စိကနေ သဘာဝအတိုင်း ကြည့်နေရသလိုမျိုး အချိုးအစားကို အတိအကျနီးပါး ပြန်ပေးနိုင်တဲ့ lens အမျိုးအစားမျိုးပေါ့။ Wide lens လို ဘေးတွေကားထွက်ပြီး ပုံပျက်သွားတာမျိုး မရှိသလို၊ Telephoto lens လိုလည်း နောက်ခံကြီးပြားကပ်ပြီး အနီးကိုဆွဲကပ်လိုက်သလို မဖြစ်ပါဘူး။ အရာရာကို သဘာဝအတိုင်း ရိုးရိုးရှင်းရှင်းနဲ့ အမြင်အေးဆေးစွာ မြင်တွေ့ရတာမို့ documentary တွေ၊ street photography နဲ့ သဘာဝကျတဲ့ ရုပ်ရှင်ဒရမ်မာအခန်းတွေမှာ အဓိကသုံးပါတယ်။

Portrait Lens
CAMERA ANGLE16:9

Portrait Lensလူပုံအလှ မှန်ဘီလူး

Shot on an 85mm lens. Flattering compression on faces, background falls away softly. The interview standard.လူတွေရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် အချိုးအစားကို ပုံမပျက်ဘဲ အလှဆုံးပေါ်လွင်အောင် အထူးထုတ်လုပ်ထားတဲ့ lens မျိုးပေါ့။ သူ့ရဲ့ အဓိကအားသာချက်ကတော့ မျက်နှာကို Wide lens တွေလို နှာခေါင်းကြီးတာ၊ မျက်နှာကားထွက်တာမျိုး မဖြစ်စေဘဲ သဘာဝအတိုင်း ချပ်ချပ်ရပ်ရပ် လှပစေတယ်။ ဒါ့အပြင် အလင်းဝင်ပေါက် ကျယ်တာကြောင့် နောက်ခံရှုခင်းကို နူးနူးညံ့ညံ့ ချောမွေ့စွာဝါးပစ်လိုက်ပြီး လူကို ရှေ့မှာထင်းခနဲ ပေါ်လွင်ထွက်လာအောင် ဖြတ်ထုတ်ပေးနိုင်ပါတယ်။

Telephoto
CAMERA ANGLE16:9

Telephotoအဝေးဆွဲ အနီးကပ်ရိုက် မှန်ဘီလူး

Long 200mm telephoto. Heavy compression stacks the background right up behind the subject and isolates them completely.အဝေးကြီးမှာ ရှိနေတဲ့အရာဝတ္ထုတွေ၊ လူ ဒါမှမဟုတ် သတ္တဝါတွေကို ကိုယ်တိုင် အနားသွားစရာ မလိုဘဲ အနီးကပ်ကြီး မြင်ရအောင် အားကောင်းကောင်းနဲ့ ဆွဲယူပေးနိုင်တဲ့ lens အမျိုးအစားမျိုးပေါ့။ သူ့ရဲ့ နောက်ထပ် ထင်ရှားတဲ့ ရုပ်ရှင်အထူးပြုချက်ကတော့ Background Compression ပါပဲ။ အရှေ့ကလူနဲ့ အနောက်က တောင်တန်းကြီး (သို့မဟုတ် နေလုံး/လလုံးကြီး) တို့ကြား အကွာအဝေး မိုင်ပေါင်းများစွာ ဝေးနေတာကို ကင်မရာထဲမှာ အနားကပ်ပြီး တစ်ပြေးညီ ကပ်ပါလာသလို visual မျိုး ဖန်တီးပေးနိုင်ပါတယ်။

Macro
CAMERA ANGLE16:9

Macroအသေးစိတ် အနုစိတ်ချဲ့ ရိုက်ချက်

Macro lens on a tiny subject at life size or larger. Razor-thin plane of focus, texture visible at a level the eye cannot reach.အရမ်းသေးငယ်တဲ့ အရာဝတ္ထုလေးတွေကို ကင်မရာနဲ့ လက်မဝက်လောက်အထိ အနီးကပ်ဆုံးတေ့ပြီး အကြီးကြီးဖြစ်အောင် ချဲ့ရိုက်ပေးနိုင်တဲ့ lens မျိုးပေါ့။ ပုံမှန် lens တွေဆိုရင် အရာဝတ္ထုနဲ့ အရမ်းနီးသွားရင် focus မဖမ်းနိုင်တော့ဘဲ ဝါးသွားတတ်ပေမဲ့ Macro lens ကတော့ ကပ်ရိုက်လေ ပိုပြတ်သားလေပါပဲ။ ပန်းပွင့်ပေါ်က နှင်းစက်လေးတွေ၊ ပုရွက်ဆိတ်/ပျားလို အင်းဆက်လေးတွေရဲ့ မျက်လုံး၊ လက်ဝတ်ရတနာ စိန်/ရွှေရဲ့ အကွက်အဆင်နဲ့ စက်ပစ္စည်း circuit ပြားလေးတွေရဲ့ အသေးစိတ်တည်ဆောက်ပုံကို visual အလန်းစား ဖော်ပြချင်တဲ့အခါ အဓိကသုံးပါတယ်။

Anamorphic
CAMERA ANGLE16:9

Anamorphicရုပ်ရှင်သီးသန့် အနံကျယ် မှန်ဘီလူး

Anamorphic look: 2.39:1 widescreen, oval bokeh and horizontal blue lens flares streaking across the frame.ပုံမှန် lens တွေလို မဟုတ်ဘဲ ရုပ်ရှင်ရုံကြီးတွေမှာ ကြည့်ရတဲ့ အလွန်ကျယ်ပြန့်တဲ့ widescreen အချိုး (2.39:1 aspect ratio) ရအောင် optical နည်းနဲ့ ရိုက်ကူးပေးတဲ့ အထူး lens မျိုးပေါ့။ သူ့ရဲ့ မှန်ဘီလူးက ဘဲဥပုံလို ဖြစ်နေလို့ မြင်ကွင်းကို အလျားလိုက်ညှပ်ထည့်ပြီး sensor ပေါ်မှာ squeeze လုပ်ရိုက်ပေးတယ်။ သူ့ရဲ့ အထင်ရှားဆုံး သင်္ကေတကတော့ မီးရောင်တွေ (ဥပမာ ကားမီး၊ လမ်းမီး) နဲ့ ထိပ်တိုက်တွေ့တဲ့အခါ ကန့်လန့်ဖြတ် အလင်းတန်းအပြာရောင်တန်းရှည် ထွက်လာတာနဲ့ နောက်ခံဝါးတာတွေက ပုံမှန်လို အဝိုင်းမဟုတ်ဘဲ ဘဲဥပုံရှည်မျောမျော ဖြစ်နေတာပါပဲ။ Hollywood ရုပ်ရှင် visual အငွေ့အသက် အပြည့်ရချင်ရင် ဒါကို သုံးကြပါတယ်။

Shallow Depth of Field
CAMERA ANGLE16:9

Shallow Depth of Fieldအနက်တိမ် နောက်ခံဝါး ရိုက်ချက်

Very shallow depth of field, aperture wide open. The eyes are sharp and everything a few inches behind melts into blur.ကိုယ်ပြချင်တဲ့ အဓိကလူ (ဒါမှမဟုတ် ပစ္စည်း) တစ်ခုတည်းကိုပဲ focus ပြတ်ပြတ်သားသား ဖြတ်တင်ထားပြီး သူ့ရဲ့ အရှေ့နဲ့ အနောက်က ပတ်ဝန်းကျင်တစ်ခုလုံးကိုတော့ နူးနူးညံ့ညံ့ ဝါးပစ်လိုက်တာမျိုးပေါ့။ ကင်မရာ lens ရဲ့ အလင်းဝင်ပေါက် (aperture) ကို f/1.4, f/1.8 လို အကျယ်ဆုံး ဖွင့်ထားတဲ့အခါ ဒီ effect ထွက်လာပါတယ်။ ရှုပ်ပွနေတဲ့ နောက်ခံပတ်ဝန်းကျင်ကို ဖျောက်ချင်တဲ့အခါ၊ ပရိသတ်ရဲ့ မျက်စိအာရုံကို ဇာတ်ကောင်ဆီပဲ တည့်တည့်ဆွဲခေါ်ချင်တဲ့အခါနဲ့ visual ကို cinematic ဆန်ဆန် အဆင့်အတန်းမြင့်ချင်တဲ့အခါ အဓိကသုံးပါတယ်။

Deep Focus
CAMERA ANGLE16:9

Deep Focusအရှေ့အနောက် တစ်ပြေးညီရိုက်ချက်

Deep focus, narrow aperture. Foreground, subject and far background all sharp at once. Everything in the frame matters.ကင်မရာနဲ့ အနီးဆုံးမှာရှိနေတဲ့ အရာဝတ္ထု (foreground) ရော၊ အလယ်က လူ (middle ground) ရော၊ အဝေးဆုံးက နောက်ခံရှုခင်း (background) ပါ အကုန်လုံးပြိုင်တူ focus မိပြီး ကြည်လင်ပြတ်သားနေအောင် ရိုက်တာမျိုးပေါ့။ Lens ရဲ့ aperture (အလင်းဝင်ပေါက်) ကို f/8, f/11, f/16 လို ကျဉ်းကျဉ်းလေး ထားရိုက်လေ့ရှိပါတယ်။ ဥပမာ - အရှေ့စားပွဲပေါ်က အဆိပ်ခွက်ကိုလည်း အနီးကပ် ရှင်းရှင်းလင်းလင်း မြင်ရတယ်၊ အခန်းနောက်ဘက် တံခါးပေါက်ကနေ ဝင်လာတဲ့ လူရဲ့ လှုပ်ရှားမှုကိုလည်း ဝါးမသွားဘဲ တစ်ပြိုင်နက်တည်း အပြတ်သားကြီး မြင်နေရတာမျိုးပါ။ ပရိသတ်ကို မြင်ကွင်းတစ်ခုလုံးမှာ ဖြစ်ပျက်နေတာတွေကို ကိုယ်တိုင် လွတ်လွတ်လပ်လပ် စူးစိုက်ကြည့်ရှုစေချင်တဲ့အခါ အသုံးများတယ်။

Rack Focus
CAMERA ANGLE16:9

Rack Focusအနီးအဝေး Focus ရွှေ့ပြောင်းချက်

Rack focus: focus pulls from the foreground subject to the background subject mid-shot, moving the viewer's attention without a cut.တစ်ဆက်တည်း ရိုက်ကူးနေတဲ့ shot တစ်ခုတည်းမှာပဲ အရှေ့ကအရာဝတ္ထု (သို့မဟုတ် လူ) ဆီမှာ focus ဖြတ်ထားရာကနေ အနောက်က အရာဝတ္ထုဆီကို focus က ချောချောမွေ့မွေ့ ပြောင်းရွှေ့သွားတာမျိုးပေါ့ (ဒါမှမဟုတ် အဝေးကနေ အနီးဆီပြန်ရွှေ့တာလည်း ရတယ်)။ ဥပမာ - အရှေ့မှာ ထိုင်နေတဲ့ ဇာတ်ကောင်ရဲ့ မျက်နှာက အရင်ဆုံးပြတ်သားနေပြီး အနောက်ကဝါးနေတယ်၊ ပြီးမှ အနောက်တံခါးဝမှာ လူတစ်ယောက် မတ်တပ်ရပ်နေတာကို ပေါ်လွင်စေချင်တဲ့အခါ အရှေ့လူကို ဝါးပစ်လိုက်ပြီး အနောက်ကလူဆီကို focus ကွက်တိရွှေ့လိုက်တာပါ။ ပရိသတ်ရဲ့ မျက်စိအာရုံကို ကင်မရာမရွှေ့ဘဲ focus အပြောင်းအလဲနဲ့တင် တစ်နေရာကနေ နောက်တစ်နေရာဆီ ညင်သာစွာ ဆွဲခေါ်သွားချင်တဲ့အခါ အလွန်အသုံးဝင်ပါတယ်။

Focus Pull to Eyes
CAMERA ANGLE16:9

Focus Pull to Eyesမျက်ဝန်း Focus အနီးကပ်ဆွဲရိုက်ချက်

Shot opens soft and out of focus, then pulls sharp onto the eyes and holds. An arrival into clarity.အစပိုင်းမှာ ဝါးနေတဲ့ မျက်နှာ (သို့မဟုတ် တခြားအရာဝတ္ထုတစ်ခုခု) ဆီကနေ ဇာတ်ကောင်ရဲ့ 'မျက်လုံး/မျက်ဝန်း' တည့်တည့်ဆီကို focus က ချောချောမွေ့မွေ့ ပြတ်သားသွားအောင် ကွက်တိဆွဲတင်လိုက်တာမျိုးပေါ့။ ဥပမာ - ဇာတ်ကောင်က အတွေးလွန်ပြီး ငြိမ်နေချိန် ဒါမှမဟုတ် သတိလစ်နေရာကနေ မျက်လုံးပွင့်လာတဲ့ အခိုက်အတန့်မျိုးမှာ မျက်ဝန်းထဲက အရိပ်အယောင်၊ မျက်ရည်စို့တာ ဒါမှမဟုတ် တုန်လှုပ်သွားတဲ့သူငယ်အိမ် အလှုပ်အခတ်ဆီကို ပရိသတ်ရဲ့အာရုံ ချက်ချင်း ရောက်သွားအောင် လုပ်တာပါ။ ဇာတ်ကောင်ရဲ့ ခံစားချက်ကို ရင်ထဲထိ ထိုးဖောက်ရောက်ရှိစေဖို့ အလွန်ထိရောက်တဲ့ cinematic technique တစ်ခု ဖြစ်ပါတယ်။

Bokeh Background
CAMERA ANGLE16:9

Bokeh Backgroundအလင်းလုံးဝါး နောက်ခံအလှ

Heavily out-of-focus background rendering points of light as large soft circles behind the subject.ဂျပန်စကားလုံး 'Boke' (ဝါးနေခြင်း) ကနေ ဆင်းသက်လာတာပါ။ ကင်မရာမှာ focus မမိဘဲ လွတ်သွားတဲ့ နောက်ခံက သာမန်ဝါးရုံတင် မဟုတ်ဘဲ နူးနူးညံ့ညံ့ချောမွေ့စွာ ဝါးသွားတဲ့ visual အရည်အသွေးကို ဆိုလိုပါတယ်။ အထူးသဖြင့် ညဘက် လမ်းမီး၊ ကားမီး၊ မီးပွင့်လေးတွေ ဒါမှမဟုတ် သစ်ရွက်ကြားက နေရောင်ခြည် အစက်လေးတွေက focus လွတ်သွားတဲ့အခါ အဝိုင်းပုံ (သို့မဟုတ် ဘဲဥပုံ) တောက်ပတဲ့ အလင်းလုံးလေးတွေအဖြစ် ပြောင်းလဲပေါ်ထွက်လာတာမျိုးပေါ့။ Lens ရဲ့ aperture (အလင်းဝင်ပေါက်) ကို f/1.4, f/1.8 လို အကျယ်ဆုံးဖွင့်ရိုက်တဲ့အခါ နောက်ခံက creamy ဖြစ်ပြီး visual အလွန်လှပစေပါတယ်။

Rule of Thirds
CAMERA ANGLE16:9

Rule of Thirdsသုံးပုံတစ်ပုံ အကွက်ချဖွဲ့စည်းမှု

Subject placed on a third line rather than dead centre, with their eyeline in the upper third and space to look into.ကင်မရာ frame တစ်ခုလုံးကို ဒေါင်လိုက်မျဉ်း ၂ မျဉ်း၊ အလျားလိုက်မျဉ်း ၂ မျဉ်းနဲ့ ညီတူညီမျှ ၉ ကွက် ခွဲခြမ်းလိုက်တာမျိုးပေါ့ (ဖုန်းကင်မရာ setting ထဲက 'Grid lines' ဖွင့်လိုက်ရင် မြင်ရတဲ့ အကွက်မျိုးပါ)။ အဓိက ပြချင်တဲ့လူ (သို့မဟုတ် ပစ္စည်း) ကို အလယ်တည့်တည့် (center) မှာ အမြဲမထားဘဲ၊ အဲဒီ မျဉ်းကြောင်းတွေပေါ်မှာ သို့မဟုတ် မျဉ်း ၄ ခု ဆုံတဲ့ 'ဆုံမှတ် ၄ ခု' (intersection points) ထဲက တစ်နေရာရာမှာ တင်ပြီး ရိုက်ကူးတာ ဖြစ်ပါတယ်။ ဒီလို အကွက်ချလိုက်တဲ့အခါ ဓာတ်ပုံက တောင့်တောင့်ကြီး မဖြစ်တော့ဘဲ ပိုမို အသက်ဝင်လှုပ်ရှားပြီး သဘာဝကျကျ မျက်စိပသာဒ ပြေပြစ်တဲ့ visual dynamic ကို ရစေပါတယ်။

Centre Framing
CAMERA ANGLE16:9

Centre Framingအလယ်ဗဟိုတည့်တည့် အကွက်ချချက်

Subject dead centre, frame symmetrical around them. Formal, confrontational and deliberate.Rule of Thirds စည်းမျဉ်းကို ချိုးဖောက်ပြီး အဓိကပြချင်တဲ့ ဇာတ်ကောင် ဒါမှမဟုတ် အရာဝတ္ထုကို ကင်မရာ frame ရဲ့ အလယ်ဗဟိုတည့်တည့် (dead center) မှာ ကွက်တိချိန်ထားပြီး ရိုက်တာမျိုးပေါ့။ ဘယ်ညာ ညီညီညာညာ ဖြစ်နေတဲ့ symmetry (ဟန်ချက်ညီမှု) နဲ့ တွဲသုံးတာ များပါတယ်။ ပရိသတ်ရဲ့ အကြည့်ကို တခြား ဘယ်နေရာမှ မပြန့်လွင့်စေဘဲ အလယ်က လူဆီကိုပဲ တိုက်ရိုက် စူးစိုက်သွားစေတယ်။ ဇာတ်ကောင်ရဲ့ တည်ငြိမ်ခိုင်မာမှု၊ အာဏာရှိမှု၊ တစ်ခါတလေ စက်ရုပ်လို စည်းစနစ်ကျလွန်းတဲ့ ခံစားချက် သို့မဟုတ် မျက်နှာချင်းဆိုင် ရင်ဆိုင်စကားပြောနေရသလို ပြတ်သားတဲ့ feel မျိုး ပေးချင်တဲ့အခါ အလွန်အသုံးများပါတယ်။

Symmetry
CAMERA ANGLE16:9

Symmetryဘယ်ညာအချိုးညီ ဟန်ချက်ဖွဲ့စည်းမှု

Perfectly symmetrical frame, vanishing point in the exact centre, both halves mirroring each other.မြင်ကွင်း frame တစ်ခုလုံးကို အလယ်ကနေ ဒေါင်လိုက် (သို့မဟုတ် အလျားလိုက်) ထက်ဝက် ဖြတ်ကြည့်လိုက်ရင် ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းက မှန်ထဲမှာ ပြန်ထင်ဟပ်နေသလိုမျိုး တထေရာတည်း ညီတူညီမျှ တည်ရှိနေတဲ့ အနေအထားမျိုးပေါ့။ အဆောက်အအုံ စင်္ကြံလမ်းရှည်ကြီးတွေ၊ တံတားတွေ၊ အခန်းဖွဲ့စည်းပုံတွေနဲ့ ရေပြင်ပေါ်က အရိပ်ပြန်ဟပ်မှုတွေမှာ အလွန်တွေ့ရပါတယ်။ ကြည့်ရှုသူကို အလွန်သပ်ရပ်ပြီး စနစ်တကျ ရှိနေတဲ့ visual အေးချမ်းမှု၊ အနုပညာဆန်မှုနဲ့ တစ်ခါတလေ လုံးဝပြည့်စုံလွန်းနေလို့ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ (uncanny / hypnotic) စိတ်ခံစားချက်မျိုး ပေးချင်တဲ့အခါ အသုံးများပါတယ်။

Frame within a Frame
CAMERA ANGLE16:9

Frame within a Frameဘောင်အတွင်း သဘာဝအကွက်ချချက်

Subject framed by something inside the shot — a doorway, a window, an arch — creating a border around them.ကင်မရာရဲ့ အပြင်ဘက် frame တစ်ခုတည်းတင် မဟုတ်ဘဲ၊ မြင်ကွင်းထဲမှာရှိနေတဲ့ တံခါးပေါက်၊ ပြတင်းပေါက်၊ မုခ်ဦးခုံး၊ ကားမှန်၊ သစ်ကိုင်း သို့မဟုတ် လူနှစ်ယောက်ရဲ့ ပခုံးကြားကွက်လပ် စတာတွေကို သဘာဝ 'ဘောင်' (frame) အဖြစ် အသုံးချပြီး အဲဒီဘောင်အတွင်းထဲမှာ ဇာတ်ကောင်ကို ကွက်တိ ကာရံရိုက်ကူးတာမျိုးပေါ့။ ဒီလို ရိုက်လိုက်တဲ့အခါ မျက်စိက တခြားဘေးပတ်ဝန်းကျင်ကို မရောက်တော့ဘဲ အဲဒီသဘာဝဘောင်လေးထဲက ဇာတ်ကောင်ဆီကိုပဲ တည့်တည့်ရောက်သွားစေတယ်။ ဒါ့အပြင် ဇာတ်ကောင် တစ်နေရာရာမှာ ပိတ်မိနေသလို၊ အထီးကျန်နေသလို သို့မဟုတ် တစ်စုံတစ်ယောက်က သူ့ကို ချောင်းကြည့်နေသလို (voyeuristic feel) လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းခံစားချက်ကို အလွန်ပီပြင်စေပါတယ်။

Leading Lines
CAMERA ANGLE16:9

Leading Linesလမ်းကြောင်းမျဉ်း အကွက်ချချက်

Strong lines in the scene — a road, a corridor, a fence — running from the frame edge directly to the subject.မြင်ကွင်းထဲမှာ သဘာဝအတိုင်းမျဉ်းကြောင်းတွေကို အသုံးချပြီး ကြည့်ရှုသူရဲ့ မျက်စိအာရုံကို ဓာတ်ပုံရဲ့ အပြင်ဘက်ကနေ အဓိက subject ဆီ (ဒါမှမဟုတ် အဝေးကပျောက်ကွယ်မှတ် / vanishing point ဆီ) တိုက်ရိုက် လမ်းပြဆွဲခေါ်သွားတာမျိုးပေါ့။ ဥပမာ - ရထားသံလမ်းတွေ၊ ကားလမ်းမကြီးရဲ့ အဖြူ/အဝါမျဉ်းကြောင်းတွေ၊ မြစ်ချောင်းကွေ့ကောက်မှုတွေ၊ တံတားလက်ရန်းတွေ၊ လျှောက်လမ်းစင်္ကြံနံရံတွေ ဒါမှမဟုတ် အဆောက်အအုံလိုင်းတန်းတွေကို သုံးတာပါ။ ပြားချပ်နေတဲ့ 2D ပုံရိပ်ကို အရှေ့ကနေ အနောက်ဆီ နက်ရှိုင်းသွားသလို 3D အနက်ခံစားချက် (depth) အပြည့် ရစေတဲ့အပြင်၊ ပရိသတ်ကို ဇာတ်ကောင်ရှိရာဆီ မျက်စိမလွဲတမ်း လိုက်ပါကြည့်ရှုလာအောင် စွဲဆောင်ရာမှာ အလွန်အသုံးဝင်ပါတယ်။

Negative Space
CAMERA ANGLE16:9

Negative Spaceနေရာအလွတ် အကွက်ချချက်

Large empty area on one side of the frame with the subject small and pushed to the opposite edge.ကင်မရာ Frame ထဲမှာ အဓိက subject (လူ သို့မဟုတ် ပစ္စည်း) ကို သေးသေးလေးပဲ ထားပြီး၊ သူ့ပတ်ပတ်လည်က ကျန်တဲ့ ဧရိယာအများစုကြီးကို ဘာအရာဝတ္ထုမှ မထည့်ဘဲ 'ဟာလာဟင်းလင်း အလွတ်ကြီး' အဖြစ် တမင်ချန်ထားတာမျိုးပေါ့။ ဥပမာ - ကြယ်တစ်စင်းမှ မရှိတဲ့ ကောင်းကင်ပြာကြီး၊ နှင်းဖုံးနေတဲ့ ကွင်းပြင်ကြီး၊ ပင်လယ်ရေပြင်ကျယ် သို့မဟုတ် နံရံအလွတ်ကြီးတွေ ဖြစ်ပါတယ်။ အရှုပ်အရှင်းကင်းရှင်းပြီး မျက်စိအေးသွားစေသလို၊ အဓိကဇာတ်ကောင်က လောကကြီးထဲမှာ တစ်ကိုယ်တည်း အထီးကျန်နေတာ၊ စိတ်ဓာတ်ကျနေတာ၊ အားနည်းနေတာ ဒါမှမဟုတ် အေးချမ်းတည်ငြိမ်နေတာဆိုတဲ့ အတွင်းစိတ်ခံစားချက်တွေကို စကားလုံးမပါဘဲ visual နဲ့ အားကောင်းကောင်း ဖော်ပြချင်တဲ့အခါ အလွန်အသုံးများပါတယ်။

Over the Shoulder
CAMERA ANGLE16:9

Over the Shoulderပခုံးကျော် ရိုက်ကွက်

Shot from behind one person's shoulder onto the face of another. The near shoulder stays soft in the foreground.လူနှစ်ယောက် မျက်နှာချင်းဆိုင် စကားပြောနေတဲ့အခါ ဇာတ်ကောင်တစ်ယောက်ရဲ့ကျောပြင် ဒါမှမဟုတ် ပခုံးစွန်းလေး (တစ်ခါတလေ ခေါင်းနောက်စေ့) ကို foreground အနေနဲ့ အနားမှာ ဘောင်ခတ်ထားပြီး၊ အဲဒီပခုံးကို ကျော်ပြီးတော့မှ တစ်ဖက်လူရဲ့ မျက်နှာနဲ့ အမူအရာကို focus ဖြတ်ရိုက်တာမျိုးပေါ့။ အရှေ့က ပခုံးကို အနည်းငယ် ဝါးထားလေ့ရှိပါတယ်။ ဒီလိုရိုက်လိုက်တဲ့အခါ ပရိသတ်အနေနဲ့ ပြင်ပကနေ အလွတ်သဘော ကြည့်နေရသလို မဟုတ်တော့ဘဲ၊ ကိုယ်တိုင် စကားဝိုင်းထဲမှာ ဝင်ထိုင်ပြီး ရှေ့ကလူပြောနေတာကို နားထောင်နေရသလို ရင်းနှီးတဲ့ ခံစားချက် (intimacy) ကို ပေးစွမ်းနိုင်တယ်။ စကားပြောနေတဲ့ လူနှစ်ယောက်ကြားက ဆက်သွယ်မှုနဲ့ အကွာအဝေးကို အလွန်သဘာဝကျကျ ချိတ်ဆက်ပြသပေးနိုင်တဲ့ ရိုက်ချက်ဖြစ်ပါတယ်။

Rembrandt Light
CAMERA ANGLE16:9

Rembrandt Lightတြိဂံ အလင်းပေးစနစ်

Key light at forty-five degrees, high, creating a small triangle of light on the shadowed cheek. Classic portrait lighting.ဒတ်ချ် ပန်းချီကျော်ကြီး Rembrandt ရဲ့ ဆေးရေးပန်းချီလက်ရာတွေကနေ အမည်ယူထားတာပါ။ အလင်းရောင်ကို မျက်နှာရဲ့ ဘေးဘက် ၄၅ ဒီဂရီထောင့်၊ အပေါ်စီး ၄၅ ဒီဂရီလောက်ကနေ ထိုးချလိုက်တဲ့အခါ မျက်နှာတစ်ခြမ်းလုံး အလင်းရပြီး ကျန်တဲ့တစ်ခြမ်းက အမှောင်ရိပ် (shadow) ကျသွားတယ်။ အဲဒီ အမှောင်ကျနေတဲ့ မျက်နှာခြမ်းရဲ့ ပါးပြင်ပေါ် (မျက်လုံးအောက်နား) မှာ သေးငယ်တဲ့ 'တြိဂံပုံ အလင်းကွက်လေး' (triangle of light) ကွက်တိ ဖြစ်ပေါ်လာတာကို Rembrandt Light လို့ ခေါ်တာမျိုးပေါ့။ မျက်နှာကို ပြားပြားကြီး မဖြစ်စေဘဲ သဘာဝကျတဲ့ အနက်ရှိုင်းနဲ့ ထုထည်ကို ဖန်တီးပေးတယ်။ ဇာတ်ကောင်မှာ လေးနက်တည်ကြည်တဲ့ mood၊ ဒရမ်မာဆန်မှု ဒါမှမဟုတ် လျှို့ဝှက်နက်နဲတဲ့ အငွေ့အသက်မျိုး ပေါ်စေချင်တဲ့အခါ အသုံးအများဆုံး ရုပ်ရှင်အလင်းပုံစံ ဖြစ်ပါတယ်။

Backlight / Rim
CAMERA ANGLE16:9

Backlight / Rimနောက်ခံအနားကွပ် အလင်းပေးစနစ်

Strong light behind the subject rimming their hair and shoulders with a bright outline, face lifted gently by fill.မီးလုံးကို ဇာတ်ကောင်ရဲ့ အနောက်ဘက်တည့်တည့် (သို့မဟုတ် အနောက်ဘေးစောင်း) ကနေ ကင်မရာဘက်ဆီ ဦးတည်ပြီး ထိုးလိုက်တာမျိုးပေါ့။ အဲဒီအခါ ဇာတ်ကောင်ရဲ့ ခေါင်း၊ ဆံပင်၊ ပခုံးနဲ့ ကိုယ်ထည် အနားသတ်တွေတစ်လျှောက် တောက်ပတဲ့ 'အလင်းလိုင်းတန်းလေး' ဖြစ်ပေါ်လာပါတယ်။ အဓိက အသုံးဝင်တာက အမှောင်ခန်းတွေ သို့မဟုတ် နောက်ခံအမဲကြီးတွေမှာ လူက နောက်ခံနဲ့ ရောပြီး ပျောက်မသွားဘဲ သီးသန့် ကွာထွက်လာစေဖို့အတွက် (subject separation) သုံးပါတယ်။ နေ့ခင်းဘက်မှာဆိုရင် နေရောင်ကို ကျောပေးရပ်ခိုင်းပြီး ရွှေရောင် အနားကွပ်အဖြစ် ရုပ်ရှင်ဆန်ဆန် သုံးလေ့ရှိပါတယ်။

Low Key
CAMERA ANGLE16:9

Low Keyအလင်းမှောင်စနစ်

Low-key lighting. Mostly shadow, one hard source, deep blacks and a small pool of light. Dramatic and withholding.တစ်ပုံလုံး (သို့မဟုတ် တစ်ကွက်လုံး) မှာ အလင်းရောင်ကို အနည်းဆုံးပဲ သုံးပြီး မြင်ကွင်းအများစုကို 'အမှောင်ရိပ်နက်နက်' (deep shadows) တွေနဲ့ ဝိုင်းရံထားတာမျိုးပေါ့။ အလင်းကျတဲ့နေရာနဲ့ မှောင်နေတဲ့နေရာကြားမှာ ဖြတ်ရိုက်ချက် contrast က အလွန်ပြတ်သားပြီး ထင်ရှားတယ်။ အလင်းကို မျက်နှာရဲ့ အဓိကအစိတ်အပိုင်း သို့မဟုတ် အနားသတ်လေးလောက်မှာပဲ ခပ်ပါးပါးလေး ဖြတ်ထိုးထားပြီး နောက်ခံတစ်ခုလုံးကို လုံးဝ အမည်းရောင်ကျသွားစေပါတယ်။ စုံထောက်ကားတွေ၊ သရဲ/သည်းထိတ်ရင်ဖိုကားတွေ၊ စိတ်ပိုင်းဆိုင်ရာ ဒရမ်မာတွေမှာ ဇာတ်ကောင်ရဲ့ လျှို့ဝှက်ချက်၊ ကြောက်ရွံ့မှု၊ အန္တရာယ်ရှိတဲ့ feel ဒါမှမဟုတ် စိတ်ဖိစီးမှုတွေကို visual နဲ့ ထင်ထင်ရှားရှား ဖော်ပြချင်တဲ့အခါ အဓိက သုံးပါတယ်။

High Key
CAMERA ANGLE16:9

High Keyအရိပ်ကင်း အလင်းစနစ်

High-key lighting. Bright, even, almost shadowless. Clean and open — the look of instruction and product work.တစ်ပုံလုံး (သို့မဟုတ် မြင်ကွင်းတစ်ခုလုံး) မှာ အမည်းရောင် အရိပ်မည်းကြီးတွေ လုံးဝမကျန်သလောက် အလင်းရောင် အပြည့်အဝဖြန့်ကျက်ပြီး လင်းထိန်နေအောင် ရိုက်တာမျိုးပေါ့။ အလင်းနဲ့ အမှောင်ကြား contrast အလွန်နည်းပြီး၊ နောက်ခံ (background) ရော လူရောပါ ဖြူစင်တောက်ပနေတတ်ပါတယ်။ Key light၊ Fill light နဲ့ Backlight အပြင် နောက်ခံမီးတွေကိုပါ အားပြင်းပြင်းနဲ့ အချိုးညီညီ ဖြန့်ထိုးထားတာမို့ ကြည့်ရှုသူကို အလွန်သန့်ရှင်းလတ်ဆတ်တယ်၊ အပြစ်ကင်းစင်တယ်၊ ပျော်ရွှင်တက်ကြွတယ် ဒါမှမဟုတ် အနာဂတ်ဆန်တယ်ဆိုတဲ့ visual mood မျိုး ပေးချင်တဲ့အခါ အဓိက သုံးပါတယ်။ အသားအရေ ချောမွေ့သန့်စင်ကြောင်းပြသရတဲ့ skincare / beauty ကြော်ငြာတွေမှာ မရှိမဖြစ် သုံးကြပါတယ်။

Golden Hour
CAMERA ANGLE16:9

Golden HourGolden Hour

Golden hour sun, low on the horizon, long shadows, warm orange light raking across the subject from the side.မနက်နေထွက်ပြီးခါစ သို့မဟုတ် ညနေ နေမဝင်ခင် ၁ နာရီဝန်းကျင်လောက်မှာ နေရောင်ခြည်က ကောင်းကင်အမြင့်ကနေ မဟုတ်ဘဲ မိုးကုတ်စက်ဝိုင်းနဲ့ အပြိုင် ခပ်စောင်းစောင်းလေး ကျရောက်လာတဲ့ အချိန်အခိုက်အတန့်မျိုးပေါ့။ မွန်းတည့်ချိန်လို မျက်နှာပေါ်မှာ အရိပ်ကြမ်းကြီးတွေ ကျမနေဘဲ အလွန်နူးညံ့တဲ့ soft light ဖြစ်စေတဲ့အပြင်၊ အရိပ်ရှည်ရှည်လေးတွေနဲ့ ဆံပင်/ခန္ဓာကိုယ်အနားသတ်တစ်လျှောက် သဘာဝ Rim Light (ရွှေရောင်အနားကွပ်လိုင်း) လှလှလေးတွေ ရရှိစေတာမို့ ရိုမန်တစ်ဆန်မှု၊ လွမ်းမောဖွယ် nostalgia အငွေ့အသက်နဲ့ အေးချမ်းတဲ့ ရုပ်ရှင် visual တွေ ဖန်တီးချင်တဲ့အခါ ကင်မရာသမားတိုင်း လက်မလွတ်တမ်း စောင့်ရိုက်ရတဲ့ ရိုက်ချက်တစ်ခုပါပဲ။

Practical Light
CAMERA ANGLE16:9

Practical Lightမြင်ကွင်းမီး အရင်းအမြစ်

Lit only by sources visible in the shot — a lamp, a phone screen, a neon sign — motivated light with visible origin.ကင်မရာ frame အပြင်ဘက်ကနေ ထိုးပေးတဲ့ ရုပ်ရှင်သုံး studio မီးကြီးတွေတင် မဟုတ်ဘဲ၊ ဇာတ်ဝင်ခန်းထဲမှာ တကယ်မြင်တွေ့နေရတဲ့ အလင်းအရင်းအမြစ်တွေကိုယ်တိုင် (in-frame light sources) ကနေ အလင်းရအောင် ထည့်သွင်းအသုံးပြုတာမျိုးပေါ့။ ဥပမာ - စားပွဲတင် မီးအိမ်လေးတွေ (desk lamps)၊ မျက်နှာကျက်က တွဲလောင်းကျနေတဲ့ မီးဆိုင်း၊ အခန်းထောင့်က ညအိပ်မီး၊ ဖယောင်းတိုင်မီး၊ တီဗွီစကရင်/လက်ပ်တော့က ထွက်တဲ့အလင်း သို့မဟုတ် မီးဖိုချောင်က နံရံကပ်မီးသီးတွေ ဖြစ်ပါတယ်။ ဒီမီးတွေက ဇာတ်ဝင်ခန်းကို သဘာဝကျကျ အသက်ဝင်စေတဲ့အပြင်၊ frame ထဲမှာ depth နဲ့ ပတ်ဝန်းကျင် ambient အလင်းရောင်ကို အလွန်လှပအောင် ဖြည့်ဆည်းပေးပါတယ်။

AI ဗီဒီယိုနဲ့ Prompt ရေးနည်းကို လေ့လာပါ