၁။ နိဒါန်းနှင့် သဘောတူညီချက်
INTRODUCTION AND AGREEMENT
၁.၁ ဤစည်းမျဉ်းစည်းကမ်းများသည် nextchapterkonay.com website နှင့် ၎င်းမှတစ်ဆင့် ရောင်းချ၊ ပေးအပ်သော Bootcamp၊ Event၊ အွန်လိုင်းသင်ခန်းစာ၊ Community ဝန်ဆောင်မှုအားလုံးအတွက် သက်ရောက်ပါသည်။
These Terms and Conditions apply to the website nextchapterkonay.com and to every bootcamp, event, online course and community service sold or delivered through it.
၁.၂ Site ကို အသုံးပြုခြင်း၊ အကောင့်ဖွင့်ခြင်း၊ ထိုင်ခုံကြိုတင်ယူခြင်း သို့မဟုတ် ငွေပေးချေခြင်းဖြင့် သင်သည် ဤစည်းကမ်းများကို ဖတ်ရှုနားလည်ပြီး လိုက်နာရန် သဘောတူသည်ဟု မှတ်ယူပါမည်။
By using the Site, creating an account, holding a seat or making a payment, you confirm that you have read, understood and agree to be bound by these Terms.
၂။ အဓိပ္ပါယ် ဖွင့်ဆိုချက်များ
DEFINITIONS
၂.၁ “အစီအစဉ်” ဆိုသည်မှာ Live Bootcamp၊ Event၊ အွန်လိုင်းသင်ခန်းစာ သို့မဟုတ် အခြားလေ့လာမှုအစီအစဉ်များကို ဆိုလိုပါသည်။
“Programme” means a live bootcamp, an event, an online course or any other learning offering listed on the Site.
၂.၂ “Showtime” ဆိုသည်မှာ အစီအစဉ်တစ်ခု၏ ရောင်းချနေသည့် တိကျသော ရက်စွဲ၊ အချိန်နှင့် ထိုင်ခုံအရေအတွက်ကို ဆိုလိုပါသည်။
“Showtime” means the specific date, time and seat capacity being sold for a Programme.
၂.၃ “ထိုင်ခုံ” ဆိုသည်မှာ showtime တစ်ခုအတွင်း တစ်ဦးချင်း တက်ရောက်ခွင့်နေရာကို ဆိုလိုပါသည်။ “အော်ဒါ” ဆိုသည်မှာ ထိုင်ခုံတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် ဝယ်ယူမှုမှတ်တမ်းကို ဆိုလိုပါသည်။
“Seat” means one admission for one person to one Showtime. “Order” means the purchase record covering one or more Seats.
၂.၄ “Community Member” ဆိုသည်မှာ NC Community သို့ ဝင်ရောက်ခွင့်ရရှိထားသူကို ဆိုလိုပြီး Standard သို့မဟုတ် Premium အဆင့်ဖြစ်နိုင်ပါသည်။
“Community Member” means a person admitted to the NC community, at either Standard or Premium level.
၃။ အကျုံးဝင်မှု
ELIGIBILITY
၃.၁ သင်ပေးသော အချက်အလက်များ မှန်ကန်ပြီး ပြည့်စုံရပါမည်။ မမှန်ကန်သော အချက်အလက်ကြောင့် လက်မှတ် သို့မဟုတ် တက်ရောက်ခွင့် ဆုံးရှုံးပါက ကျွန်ုပ်တို့ဘက်မှ တာဝန်ယူမည်မဟုတ်ပါ။
The details you give us must be true and complete. We are not responsible for a ticket or admission lost because the information you gave was wrong.
၄။ အကောင့်
YOUR ACCOUNT
၄.၁ အကောင့်ဝင်ရောက်မှုကို Google သို့မဟုတ် Telegram မှတစ်ဆင့် ဝင်ရောက်နိုင်ပါသည်။ Next Chapter မှ သင့်စကားဝှက်အား လုံးဝမသိမ်းဆည်းပါ။
Sign-in is available through Google or Telegram. Next Chapter never stores your password.
၄.၂ သင့်အကောင့်ဖြင့် ပြုလုပ်သည့် လုပ်ဆောင်ချက်တိုင်းအတွက် သင်ကိုယ်တိုင် တာဝန်ရှိပါသည်။ သင့်၏ Google သို့မဟုတ် Telegram အကောင့်အား အခြားသူဝင်ရောက်နေသည်ဟု ယူဆပါက Admin Team သို့ ချက်ချင်းအကြောင်းကြားပါ။
You are responsible for everything done through your account. Tell us immediately if you believe someone else can access your Google or Telegram account.
၄.၃ တစ်ဦးလျှင် အကောင့်တစ်ခုသာ ဖြစ်ရပါမည်။ အကောင့်၊ လက်မှတ်၊ သင်တန်းဝင်ရောက်ခွင့်တို့ကို အခြားသူများနှင့် မျှဝေခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း မပြုရပါ။
One account per person. You may not share, lend or sell your account, your ticket or your course access.
၅။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ
WHAT WE OFFER
၅.၁ Live Bootcamp များနှင့် Events များကို သတ်မှတ်ရက်စွဲအလိုက် အွန်လိုင်း (Zoom/ Google Meet) မှတစ်ဆင့် တိုက်ရိုက်ပို့ချပါသည်။ ဒါ့အပြင် ကြိုတင်ရိုက်ကူးထားသော အွန်လိုင်းသင်ခန်းစာများလည်း ရောင်းချပါသည်။
Live bootcamps and events are delivered live online (via Zoom) on the dates listed. In addition, pre-recorded online lessons are also available for purchase.
၅.၂ အစီအစဉ်စာမျက်နှာရှိ သင်ရိုးမာတိကာ၊ ကြာချိန်နှင့် ပါဝင်ပစ္စည်းများသည် ပို့ချချိန်တွင် သင့်လျော်အောင် အနည်းငယ်ပြောင်းလဲနိုင်သော်လည်း အဓိကရည်ရွယ်ချက်နှင့် တန်ဖိုးကို မပြောင်းလဲအောင် ထိန်းသိမ်းထားပါမည်။
The syllabus, duration and included materials shown on a Programme page may change slightly at delivery. We will preserve the core purpose and value of the Programme.
၅.၃ အခမဲ့ ရင်းမြစ်များ (Free Hub ဗီဒီယိုများ၊ AI Prompt Library၊ စွမ်းရည်စစ်ဆေးချက်၊ စစ်တမ်း) ကို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲခြင်း၊ ဖယ်ရှားခြင်း ပြုနိုင်ပါသည်။
Free resources (Free Hub videos, the AI Prompt Library, the skills assessment and surveys) may be changed or withdrawn at any time without notice.
၆။ ထိုင်ခုံရွေးချယ်ခြင်းနှင့် Holds ထားခြင်း
SEAT SELECTION AND HOLDS
၆.၁ ထိုင်ခုံကို ရွေးချယ်လိုက်သည်နှင့် ထိုင်ခုံကို hold ထားခြင်း စတင်ပါသည်။ သတ်မှတ်ချိန်အတွင်း ငွေပေးချေခြင်း မပြီးစီးပါက hold ပျက်ပြယ်ပြီး ထိုင်ခုံကို အခြားသူဝယ်ယူနိုင်ပါသည်။
Selecting a seat starts a temporary hold. If payment is not completed within the hold period, the hold lapses and the seat becomes available to others.
၆.၂ ထိုင်ခုံစာရင်းကို စက္ကန့်အနည်းငယ်တိုင်း ပြန်လည်စစ်ဆေးပါ။ အကြောင်းရင်းမှာ ထိုင်ခုံကို တစ်ချိန်တည်းတွင် အခြားသူက ရွေးချယ်သွားနိုင်သဖြင့် ထိုင်ခုံရရှိမှုကို ငွေပေးချေပြီးမှသာ အာမခံနိုင်ပါသည်။
The seat map refreshes every few seconds. Because another buyer may select the same seat at the same time, a seat is only guaranteed once payment is complete.
၆.၃ ရောင်းပြီးသား သို့မဟုတ် hold ဖြစ်နေသော ထိုင်ခုံများကို စနစ်အရ ပြောင်းလဲ၍ မရပါ။ ထိုင်ခုံနေရာပြောင်းလိုပါက အော်ဒါမပြုလုပ်မီ ရွေးချယ်ပါ။
Sold and held seats are immutable by design. Choose your seat position before you complete the order.
၆.၄ နှစ်ယောက်တွဲခုံများကို တစ်ယောက်တည်းအတွက် ခွဲ၍ မရပါ။
Paired seats are sold as a pair and cannot be split.
၇။ ဈေးနှုန်းနှင့် ငွေကြေး
PRICES AND CURRENCY
၇.၁ Live Bootcamp နှင့် အခမ်းအနားများကို မြန်မာကျပ် (MMK) ဖြင့် ဖော်ပြပါသည်။ အွန်လိုင်းသင်ခန်းစာအချို့ကို အမေရိကန်ဒေါ်လာ (USD) ဖြင့် ဖော်ပြပါသည်။
Live bootcamps and events are priced in Myanmar Kyat (MMK). Some online courses are priced in US Dollars (USD).
၇.၂ ဖော်ပြထားသော ဈေးနှုန်းများသည် ရေးသားချိန်၌ အဆိုပါဈေးအတိုင်းရှိမည်ဖြစ်သော်လည်း အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ သို့သော်လည်း အော်ဒါတစ်ခုအတည်ပြုပြီးပါက အဆိုပါအော်ဒါ၏ ဈေးနှုန်းပြောင်းလဲမည်မဟုတ်ပါ။
Prices are correct at the time of listing and may change at any time. Once an Order is confirmed, the price of that Order does not change.
၇.၃ ငွေလွှဲခကြေး၊ ဘဏ်ခကြေး၊ ငွေလဲလှယ်နှုန်း ကွာခြားမှုများသည် ဝယ်ယူသူ၏ တာဝန်သာဖြစ်ပါသည်။
Transfer fees, bank charges and exchange-rate differences are the buyer's responsibility.
၇.၄ ဈေးနှုန်း သို့မဟုတ် description ဖော်ပြချက်တွင် သိသာထင်ရှားသော အမှားပါရှိပါက ငွေပေးချေပြီးဖြစ်သော်ငြားလည်း အော်ဒါကို ပယ်ဖျက်၍ ပေးချေထားသည့်ငွေအပြည့်အစုံ ပြန်အမ်းပိုင်ခွင့်ရှိပါသည်။
Where a price or description contains an obvious error, we may cancel the Order even after payment and refund what you paid in full.
၈။ ငွေပေးချေမှုနှင့် အော်ဒါ အတည်ပြုခြင်း
PAYMENT AND ORDER CONFIRMATION
၈.၁ လက်ခံသည့် ငွေပေးချေနည်းလမ်းများကို checkout စာမျက်နှာတွင် ဖော်ပြထားပါသည်။
Accepted payment methods are shown at checkout.
၈.၂ အော်ဒါသည် ငွေပေးချေမှု အတည်ပြုပြီး၍ Admin Team ဘက်မှ အတည်ပြုချက် ထုတ်ပေးပြီးမှသာ ပြီးမြောက်မည်ဖြစ်ပါသည်။ ငွေလွှဲပြီးရုံဖြင့် အော်ဒါအတည်မဖြစ်ပါ။
An Order is only formed when Admin Team have verified payment and issued a confirmation. Sending money alone does not confirm an Order.
၈.၃ ငွေပေးချေမှုကို အတည်မပြုနိုင်ပါက သို့မဟုတ် လိမ်လည်မှု သံသယရှိပါက အော်ဒါကို ငြင်းပယ်၍ ငွေပြန်အမ်းပိုင်ခွင့်ရှိပါသည်။
If we cannot verify a payment, or we suspect fraud, we may refuse the Order and return the money.
၈.၄ ငွေပေးချေပြီးနောက် အော်ဒါအတည်ပြုချက် သို့မဟုတ် လက်မှတ်မရရှိပါက [၂၄] နာရီအတွင်း website chatbox (သို့) telegram account (@Official_NCAdmin) သို့ ဆက်သွယ်ပါ။
If you do not receive an Order confirmation or ticket after paying, contact website chatbox (or) telegram admin account (@official_NCAdmin) within [24] hours.
၉။ လက်မှတ်နှင့် တက်ရောက်ခွင့်
TICKETS AND ADMISSION
၉.၁ လက်မှတ်တစ်စောင်လျှင် တစ်ဦးအတွက် တစ်ကြိမ်တက်ရောက်ခွင့်ဖြစ်ပါသည်။ လက်မှတ်များကို သင့်အကောင့်ရှိ “ဝယ်ပြီးသွားသောလက်မှတ်” စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။
One ticket admits one person once. Your tickets are listed on the “My tickets” page in your account.
၉.၂ Zoom link သို့မဟုတ် တက်ရောက်ခွင့် Link ကို လက်မှတ်ဝယ်ထားသောသူအတွက်သာ ပေးအပ်ပါသည်။ Link ကို လူမှုကွန်ရက်၊ group chat သို့မဟုတ် အခြားနေရာတွင် မမျှဝေရပါ။
Your Zoom or admission link is issued to you alone. Do not share it on social media, in group chats or anywhere else.
၉.၃ လက်မှတ်ကို အခြားသူတစ်ဦးအား လွှဲပြောင်းလိုပါက အစီအစဉ်မစတင်မီ ကြိုတင်၍ website chatbox (သို့) telegram account (@Official_NCAdmin) သို့ ပြောကြားပြီး ကျွန်ုပ်တို့၏ သဘောတူညီချက် ရယူရပါမည်။
To transfer a ticket to someone else, ask us at website chatbox (or) telegram admin account (@official_NCAdmin) before the Programme starts and obtain our agreement.
၉.၄ လက်မှတ်ကို ပြန်လည်ရောင်းချခြင်း၊ လေလံတင်ခြင်း၊ အမြတ်ယူ၍ လွှဲပြောင်းခြင်းကို လုံးဝတားမြစ်ပါသည်။ ထိုသို့ပြုလုပ်ပါက လက်မှတ်ကို ငွေပြန်မအမ်းဘဲ ပယ်ဖျက်ပိုင်ခွင့်ရှိပါသည်။
Reselling, auctioning or transferring a ticket for profit is prohibited. We may cancel such a ticket without refund.
၁၀။ ငွေပြန်အမ်းခြင်းနှင့် ပယ်ဖျက်ခြင်း
REFUNDS AND CANCELLATIONS
၁၀.၁ စိတ်ပြောင်းလဲခြင်း (change of mind) နှင့် မှားယွင်း၍ ဝယ်ယူမိခြင်း (accidental purchase) အတွက် ငွေပြန်အမ်းခြင်းမရှိပါ။ ဝယ်ယူမှု မပြုမီ showtime၊ ရက်စွဲ၊ အချိန်နှင့် ထိုင်ခုံကို သေချာစွာ စစ်ဆေးပါ။
Refunds are not available for change of mind or for an accidental purchase. Please check the showtime, date, time and seat carefully before you pay.
၁၀.၂ ငွေပြန်အမ်းခြင်းကို ကျွန်ုပ်တို့ admin အဖွဲ့၏ အမှားကြောင့်ဖြစ်ပေါ်သည့် ကိစ္စများတွင်သာ ဆောင်ရွက်ပေးပါသည်။
Refunds are issued only where the error was on the part of our admin team.
၁၀.၃ admin အဖွဲ့၏ အမှားဟုဆိုလိုသည်မှာ — ငွေတစ်ကြိမ်ထက်ပို၍ ကောက်ခံမိခြင်း၊ ရောင်းပြီးသား ထိုင်ခုံကို ထပ်ရောင်းမိခြင်း၊ ငွေပေးချေထားသော်လည်း လက်မှတ် သို့မဟုတ် တက်ရောက်ခွင့် မထုတ်ပေးနိုင်ခြင်း၊ မှားယွင်းသော ဈေးနှုန်း ကောက်ခံမိခြင်း၊ သို့မဟုတ် Admin Team ဘက်မှ အစီအစဉ်ကို ဖျက်သိမ်း၍ အစားထိုး ရက်စွဲမပေးနိုင်ခြင်းတို့ဖြစ်ပါသည်။
An error on our part means, for example: charging you more than once; selling a seat that was already sold; failing to issue a ticket or access after you paid; charging an incorrect price; or cancelling a Programme without offering a replacement date.
၁၀.၄ ငွေပြန်အမ်းရန် တောင်းဆိုမှုကို ပြဿနာဖြစ်ပွားပြီး [၇] ရက်အတွင်း website chatbox (သို့) telegram account (@Official_NCAdmin) သို့ အော်ဒါနံပါတ်နှင့်တကွ ပေးပို့ရပါမည်။ ထို့နောက် Admin Team ဘက်မှ စစ်ဆေးပြီးပါက ငွေပေးချေခဲ့သည့်နည်းလမ်းအတိုင်း [၁၄] ရက်အတွင်း ပြန်လည်ပေးအပ်ပါမည်။
Send refund requests to admin@nextchapterkonay.com with your order number within [7] days of the problem. Approved refunds are returned by the original payment method within [14] days.
၁၀.၅ မတက်ရောက်နိုင်ခြင်း၊ နောက်ကျခြင်း၊ အင်တာနက် သို့မဟုတ် စက်ပစ္စည်း အဆင်မပြေခြင်း၊ အလုပ်ကိစ္စ ရုတ်တရက်ပေါ်ပေါက်ခြင်းတို့အတွက် ငွေပြန်အမ်းခြင်း မရှိပါ။ သို့သော် သင့်အနေနှင့် နောက်ထပ် batch တစ်ခုသို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုနိုင်ပြီး ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းမှာ Admin Team ၏ ဆုံးဖြတ်ချက်သာ ဖြစ်ပါသည်။
No refund is given for not attending, arriving late, internet or device problems, or work commitments. You may ask to move to a later batch where one is available; granting that is at our discretion.
၁၀.၆ အွန်လိုင်းသင်ခန်းစာများနှင့် Digital Materials များအား ဝင်ရောက်ကြည့်ရှုပြီးသည်နှင့် ငွေပြန်အမ်းခြင်း မရှိတော့ပါ။
Once you have accessed an online course or digital material, it is no longer refundable.
၁၁။ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း
CHANGES OR CANCELLATION
၁၁.၁ ရက်စွဲ၊ အချိန်၊ ဆရာ သို့မဟုတ် ပို့ချသောပုံစံကို လိုအပ်ပါက ပြောင်းလဲနိုင်ပါသည်။ ပြောင်းလဲမှုအား သင့်အကောင့်တွင် မှတ်ပုံတင်ထားသော ဆက်သွယ်ရန်လိပ်စာသို့ အသိပေးပါမည်။
We may change the date, time, instructor or delivery format where necessary. We will notify you using the contact details registered on your account.
၁၁.၂ အစီအစဉ်ကို Admin တို့ဘက်မှ လုံးဝ ဖျက်သိမ်းပါက အစားထိုး ရက်စွဲတစ်ခု သို့မဟုတ် ငွေအပြည့်ပြန်အမ်းခြင်း — နှစ်ခုအနက် တစ်ခုကို ရွေးချယ်နိုင်ပါမည်။
If we cancel a Programme outright, you may choose between a replacement date or a full refund.
၁၁.၃ ရက်စွဲပြောင်းလဲမှုကြောင့် သင့်အနေနဲ့ မတက်ရောက်နိုင်ပါက အစားထိုး batch တစ်ခုသို့ ပြောင်းပေးမည်ဖြစ်ပြီး ပြောင်းလဲပေးမည့်အစားထိုး batch မရှိပါက ငွေအပြည့်ပြန်အမ်းပါမည်။
If a change of date means you can no longer attend, we will move you to another batch. If no suitable alternative exists, we will refund you in full.
၁၂။ သင်တန်းမှတ်တမ်းများနှင့် အသုံးပြုခွင့်
RECORDINGS AND LICENCE TO MATERIALS
၁၂.၁ အချို့အစီအစဉ်တွင် ပါဝင်သော မှတ်တမ်းဗီဒီယို၊ slide၊ template၊ prompt library နှင့် အခြားသော Materials များကို သင့်ကိုယ်ပိုင်လေ့လာမှုအတွက်သာ အသုံးပြုခွင့်ပေးအပ်ပါသည်။
We grant you a personal, non-exclusive, non-transferable licence to use the recordings, slides, templates, prompt libraries and other materials for your own learning.
၁၂.၂ အဆိုပါ Materials များကို ကူးယူဖြန့်ဝေခြင်း၊ ပြန်လည်ရောင်းချခြင်း၊ Public သို့တင်ခြင်း၊ အခြားသင်တန်းတွင် ထည့်သွင်းသင်ကြားခြင်းအား တားမြစ်ပါသည်။
You may not copy, redistribute, resell, publish or teach from these materials elsewhere.
၁၂.၃ တိုက်ရိုက်အတန်းများအား သင်ကိုယ်တိုင် screen-record ရိုက်ကူးခြင်း၊ အသံဖမ်းခြင်း မပြုရပါ။
You may not screen-record or audio-record live sessions yourself.
၁၂.၄ ဤစည်းကမ်းများကို ချိုးဖောက်ပါက ငွေပြန်မအမ်းဘဲ ဝင်ရောက်ခွင့်ရုပ်သိမ်းပါမည်။
If you breach this clause we may withdraw your access without refund.
၁၃။ Community အဖွဲ့ဝင်ခြင်း
COMMUNITY MEMBERSHIP
၁၃.၁ NC Commuity တွင် Standard နှင့် Premium ဟူ၍ Tier နှစ်ခုရှိပါသည်။ Tier တစ်ခုစီ၏ ဝင်ရောက်ခွင့်များကို Community စာမျက်နှာတွင် ဖော်ပြထားပါသည်။
The NC community has two tiers, Standard and Premium. What each tier includes is set out on the community page.
၁၃.၂ Community သို့ ဝင်ရောက်နိုင်သည့်နည်းလမ်းမှာ Bootcamp ဖိတ်ကြားချက်ဖြင့် သို့မဟုတ် package တစ်ခု ဝယ်ယူခြင်းဖြင့်သာ ဖြစ်ပါသည်။
You may enter the community by invitation after a bootcamp, or by purchasing a package.
၁၃.၃ အဖွဲ့ဝင်ခွင့်သည် သင်တစ်ဦးတည်းအတွက်သာဖြစ်ပြီး လွှဲပြောင်း၍ မရပါ။ အဖွဲ့တွင်း တွေ့ဆုံဆွေးနွေးပွဲနှင့် webinar များ ကျင်းပခြင်းမှာ Admin Team ၏ ဆုံးဖြတ်ချက်နှင့် အစီအစဉ်ပေါ် မူတည်ပါသည်။
Membership is personal to you and cannot be transferred. Internal meetings and webinars are held at our discretion and according to our schedule.
၁၄။ Community အတွင်း လိုက်နာရမည့် စည်းကမ်းများ
COMMUNITY CONDUCT
၁၄.၁ အဖွဲ့ဝင်အချင်းချင်း လေးစားမှုဖြင့် ဆက်ဆံရပါမည်။ စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှိမ့်ချခြင်း၊ လူမျိုး/ဘာသာ/ကျား-မ ခွဲခြားပြောဆိုခြင်းများ တားမြစ်ပါသည်။
Treat other members with respect. Harassment, threats, abuse and discriminatory remarks are not allowed.
၁၄.၂ အဖွဲ့တွင်း ဆွေးနွေးချက်များ၊ အခြားအဖွဲ့ဝင်များ၏ လုပ်ငန်းအချက်အလက်များကို အပြင်သို့ မထုတ်ဖော်ရပါ။
Do not share what is discussed inside the community, or other members' business information, outside it.
၁၄.၃ ခွင့်ပြုချက်မရှိဘဲ ကြော်ငြာတင်ခြင်း၊ spam ပို့ခြင်း၊ multi-level marketing ခေါ်သွင်းခြင်း၊ အဖွဲ့ဝင်စာရင်း စုဆောင်းခြင်းကို တားမြစ်ပါသည်။
No unsolicited advertising, spam, multi-level-marketing recruitment or harvesting of the member list.
၁၄.၄ စည်းကမ်းချိုးဖောက်ပါက သတိပေးခြင်း၊ ခေတ္တရပ်ဆိုင်းခြင်း သို့မဟုတ် အပြီးအပိုင်ထုတ်ပယ်ခြင်းပြုနိုင်ပြီး ပြင်းထန်သော ကိစ္စများတွင် ငွေပြန်အမ်းခြင်း မရှိပါ။
Breaches may lead to a warning, suspension or permanent removal; in serious cases without refund.
၁၅။ အခမဲ့ ရင်းမြစ်များ
FREE RESOURCES
၁၅.၁ Free Hub ဗီဒီယိုစာရင်းသည် YouTube မှ အလိုအလျောက် ဆွဲယူဖော်ပြခြင်း ဖြစ်ပါသည်။ ဗီဒီယိုများကို ကြည့်ရှုသည့်အခါ YouTube ၏ စည်းကမ်းများ သက်ရောက်ပါသည်။
The Free Hub list is pulled automatically from YouTube. When you watch a video, YouTube's own terms apply.
၁၅.၂ AI Prompt Library ရှိ prompt များကို ကိုယ်ပိုင်လုပ်ငန်းအတွက် အခမဲ့ အသုံးပြုနိုင်ပါသည်။ စုစည်းမှုတစ်ခုလုံးကို ကူးယူ၍ ပြန်လည်ဖြန့်ဝေခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရပါ။
You may use the prompts in the AI Prompt Library free of charge in your own work. You may not copy the collection as a whole and redistribute or sell it.
၁၅.၃ AI မှ ထုတ်လုပ်သော ရလဒ်များ၏ တိကျမှု၊ သင့်လျော်မှု သို့မဟုတ် အခြားသူ၏ မူပိုင်ခွင့် ကင်းရှင်းမှုကို အာမမခံနိုင်ပါ။ သင် ထုတ်လုပ်သည့် ရလဒ်အတွက် သင် တာဝန်ရှိပါသည်။
We cannot guarantee that AI outputs are accurate, suitable, or free of third-party rights. You are responsible for what you generate.
၁၆။ စစ်တမ်းနှင့် စွမ်းရည်စစ်ဆေးချက်
SURVEYS AND ASSESSMENTS
၁၆.၁ စွမ်းရည်စစ်ဆေးချက်သည် မိမိကိုယ်ကို ဆန်းစစ်ရန်သာ ဖြစ်ပြီး ပညာရေး၊ စိတ်ပညာ သို့မဟုတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကဲဖြတ်ချက် မဟုတ်ပါ။
The skills assessment is a self-check only. It is not an educational, psychological or professional evaluation.
၁၇။ ပေးပို့သော အချက်အလက်များ
CONTENT YOU SUBMIT
၁၇.၁ live chat၊ စစ်တမ်းနှင့် စစ်ဆေးချက်များမှတစ်ဆင့် ပေးပို့သော အချက်အလက်များအား ဝန်ဆောင်မှုတိုးတက်စေရန်အတွက်သာ အသုံးပြုပါသည်။
Information you send through live chat, surveys and assessments is used to improve our service.
၁၇.၂ အမည် မဖော်ပြသော စုစည်းရလဒ် (anonymous aggregate) များကို လေ့လာမှုလိုအပ်ချက် တွက်ချက်ရန်နှင့် အစီအစဉ်များ ရေးဆွဲရန် ဆက်လက်အသုံးပြုနိုင်ပါသည်။
We may continue to use anonymous, aggregated results to understand learning needs and plan Programmes.
၁၇.၃ အခြားသူ၏ မူပိုင်ခွင့် ချိုးဖောက်သော၊ တရားမဝင်သော သို့မဟုတ် အန္တရာယ်ရှိသော အကြောင်းအရာများ မပေးပို့ရပါ။
Do not submit anything unlawful, harmful, or infringing someone else's rights.
၁၇.၄ စကားဝှက်၊ authenticator code သို့မဟုတ် မှတ်ပုံတင် ဓာတ်ပုံများကို မည်သည့်အခါမျှ မပေးပို့ရပါနှင့်။
Never send us passwords, authenticator codes or photographs of identity documents.
၁၈။ တားမြစ်ချက်များ
ACCEPTABLE USE
၁၈.၁ Site ကို တရားဝင်ရည်ရွယ်ချက်အတွက်သာ အသုံးပြုရပါမည်။ အောက်ပါတို့ကို တားမြစ်ပါသည် —
You may use the Site only for lawful purposes. You must not —
၁၈.၂ Site ၏ လုံခြုံရေးကို စမ်းသပ်ခြင်း၊ ကျော်လွှားရန် ကြိုးစားခြင်း၊ ခွင့်ပြုချက်မရှိသော စာမျက်နှာသို့ ဝင်ရောက်ရန် ကြိုးစားခြင်း။
probe or attempt to bypass the Site's security, or try to reach pages you are not authorised to see;
၁၈.၃ အလိုအလျောက် စနစ် (bot, scraper) ဖြင့် အချက်အလက် ဆွဲယူခြင်း၊ ထိုင်ခုံများကို အလိုအလျောက် ကြိုတင်ယူခြင်း။
use bots or scrapers to harvest data, or to hold seats automatically;
၁၈.၄ Server ကို ဝန်ပိစေရန် ကြိုးစားခြင်း၊ ဗိုင်းရပ်စ် သို့မဟုတ် အန္တရာယ်ရှိသော ကုဒ်များ တင်ပို့ခြင်း။
attempt to overload our servers, or upload viruses or harmful code;
၁၈.၅ အခြားသူတစ်ဦး၏ အမည်ဖြင့် ဝင်ရောက်ခြင်း၊ Next Chapter နှင့် ဆက်စပ်သည်ဟု ထင်ယောင်ထင်မှား ဖော်ပြခြင်း။
impersonate another person, or falsely suggest you are associated with Next Chapter.
၁၉။ ဉာဏပစ္စည်း မူပိုင်ခွင့်
INTELLECTUAL PROPERTY
၁၉.၁ Site ၏ ဒီဇိုင်း၊ စာသား၊ လိုဂို၊ ဗီဒီယို၊ သင်ရိုးများ၊ template များနှင့် prompt စုစည်းမှုများ အားလုံးသည် Next Chapter သို့မဟုတ် ခွင့်ပြုချက်ပေးထားသူများ၏ မူပိုင်ခွင့် ဖြစ်ပါသည်။
The Site's design, text, logos, videos, curricula, templates and prompt collections belong to Next Chapter or to our licensors.
၁၉.၂ “Next Chapter” “NC” နှင့် ဆက်စပ် အမှတ်တံဆိပ်များကို ကျွန်ုပ်တို့၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ အသုံးမပြုရပါ။
You may not use the “Next Chapter” or “NC” names or marks without our written permission.
၁၉.၃ သင်တန်းတွင် သင်ကိုယ်ပိုင် ဖန်တီးသော အလုပ်များ (သင့်လုပ်ငန်း အစီအစဉ်၊ သင့်ကြော်ငြာများ) သည် သင့်ပိုင်ဆိုင်မှု ဖြစ်ပါသည်။
Work you create during a Programme — your own business plans, your own campaigns — belongs to you.
၁၉.၄ မူပိုင်ခွင့်ချိုးဖောက်မှုများတွေ့ရှိပါက website chatbox (သို့) telegram account (@Official_NCAdmin) သို့ အကြောင်းကြားပါ။
Report suspected infringement to website chatbox (or) telegram account (@Official_NCAdmin).
၂၀။ ပြင်ပလင့်ခ်များ၊ sponsor နှင့် affiliate
THIRD-PARTY LINKS, SPONSORS AND AFFILIATES
၂၀.၁ Site တွင် partner၊ sponsor နှင့် collaborator များ၏ လင့်ခ်များ ပါဝင်ပါသည်။ ထိုလင့်ခ်အချို့သည် affiliate သို့မဟုတ် promo code လင့်ခ်များဖြစ်ပြီး သင်ဝယ်ယူပါက ကျွန်ုပ်တို့ ကော်မရှင် သို့မဟုတ် အကျိုးခံစားခွင့် ရရှိနိုင်ပါသည်။
The Site contains links to partners, sponsors and collaborators. Some are affiliate or promo-code links, and we may earn a commission or benefit if you buy through them.
၂၀.၂ ပြင်ပဝန်ဆောင်မှုများ၏ အကြောင်းအရာ၊ ဈေးနှုန်း၊ ဝန်ဆောင်မှုအရည်အသွေးအတွက် ကျွန်ုပ်တို့ တာဝန်မယူပါ။ ထိုဝန်ဆောင်မှုများနှင့် သင်ပြုလုပ်သော လုပ်ငန်းစဉ်များသည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်ပါ။
We are not responsible for the content, pricing or quality of third-party services. Any contract you make with them is between you and them.
၂၁။ ရလဒ် အာမခံချက်
GUARANTEE OF RESULTS
၂၁.၁ အစီအစဉ်များသည် ပညာရေးရန်သာ ရည်ရွယ်ပါသည်။ ဝင်ငွေတိုးမြင့်မှု၊ ဖောက်သည်ရရှိမှု၊ အလုပ်အကိုင် သို့မဟုတ် လုပ်ငန်းအောင်မြင်မှုကို အာမမခံပါ။
Our Programmes are educational. We do not guarantee increased income, customers, employment or business success.
၂၁.၂ အစီအစဉ်စာမျက်နှာများတွင် ဖော်ပြထားသော ရလဒ်များသည် ဖြစ်နိုင်ခြေရလဒ်များသာဖြစ်ပြီး ရလဒ်အစစ်ရရှိရန်မှာ သင့်၏ လုပ်ငန်း၊ အချိန်၊ ကြိုးစားအားထုတ်မှုနှင့် ဈေးကွက်အခြေအနေပေါ် မူတည်ပါသည်။
Outcomes described on Programme pages are possible results. They depend on your business, your time, your effort and market conditions.
၂၁.၃ အစီအစဉ်များတွင် ပေးသော အကြောင်းအရာများသည် ဥပဒေ၊ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခွန် သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ပညာရှင်အကြံပြုချက်မဟုတ်ပါ။ ထိုကိစ္စများအတွက် သက်ဆိုင်ရာပညာရှင်နှင့် တိုင်ပင်ပါ။
Nothing in our Programmes is legal, financial, investment, tax or medical advice. Consult a qualified professional for those matters.
၂၂။ ဝန်ဆောင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု
AVAILABILITY AND MAINTENANCE
၂၂.၁ Site ကို အဆက်မပြတ် လည်ပတ်မှုရှိစေရန် လုပ်ဆောင်ထားသော်လည်း ရံဖန်ရံခါတွင် ပြုပြင်ထိန်းသိမ်းမှုအတွက် Site ကို ခေတ္တပိတ်နိုင်ပြီး စာမျက်နှာများ၊ လုပ်ဆောင်ချက်များနှင့် အကြောင်းအရာများကို အချိန်မရွေး ပြောင်းလဲ၊ ဖယ်ရှားနိုင်ပါသည်။
Although we take measures to ensure the Site operates continuously, we may occasionally suspend the Site temporarily for maintenance. Pages, features, and content may also be changed or removed at any time.
၂၃။ တာဝန်
LIABILITY
၂၃.၁ သင့်၏ စည်းကမ်းချိုးဖောက်မှုများကြောင့် ကျွန်ုပ်တို့အပေါ် ပေါ်ပေါက်လာသော တောင်းဆိုမှုများအတွက် သင်ကိုယ်တိုင် တာဝန်ယူဖြေရှင်းပေးရပါမည်။
You agree to cover claims brought against us that arise from your breach of these Terms.
၂၄။ ရပ်ဆိုင်းခြင်းနှင့် ပိတ်သိမ်းခြင်း
SUSPENSION AND TERMINATION
၂၄.၁ ဤစည်းကမ်းများကို ချိုးဖောက်ပါက သင့်အကောင့်၊ လက်မှတ် သို့မဟုတ် အဖွဲ့ဝင်ခွင့်ကို ခေတ္တရပ်ဆိုင်းခြင်း သို့မဟုတ် ပိတ်သိမ်းခြင်း ပြုလုပ်ပါမည်။
We may suspend or close your account, ticket or membership if you breach these Terms.
၂၄.၂ ပြင်းထန်သော ချိုးဖောက်မှု (ဥပမာ — သင်တန်းပစ္စည်း ပြန်လည်ဖြန့်ဝေခြင်း၊ လက်မှတ်ပြန်ရောင်းခြင်း၊ အဖွဲ့ဝင်များကို စော်ကားခြင်း) များတွင် ငွေပြန်အမ်းခြင်း မရှိပါ။
For serious breaches — redistributing materials, reselling tickets, harassing members — no refund is given.
၂၅။ ကိုယ်ရေးအချက်အလက်
PRIVACY
၂၅.၁ သင့်အချက်အလက်များကို မည်သို့စုဆောင်း၊ သုံးစွဲ၊ သိမ်းဆည်းသည်ကို ကိုယ်ရေးအချက်အလက် မူဝါဒ (/privacy) တွင် ဖော်ပြထားပါသည်။ ထိုမူဝါဒသည် ဤစည်းကမ်းများ၏ အစိတ်အပိုင်းဖြစ်ပါသည်။
How we collect, use and keep your information is set out in our Privacy Policy (/privacy), which forms part of these Terms.
၂၆။ အငြင်းပွားမှု ဖြေရှင်းခြင်း
COMPLAINTS AND DISPUTES
၂၆.၁ တိုင်ကြားချက်များကို website chatbox (သို့) telegram account (@Official_NCAdmin) သို့ အော်ဒါနံပါတ်နှင့်တကွ ပေးပို့ရပါမည်။ ထိုသို့ပေးပို့သည့်နေ့မှစ၍ လုပ်ငန်းရက် ၃ ရက်အတွင်း ပြန်လည်ဖြေကြားပါမည်။
Send complaints to website chatbox (or) telegram account (@Official_NCAdmin) with your order number. We aim to respond within 3 business days during our business hours.
၂၇။ သက်ဆိုင်ရာ ဥပဒေ
GOVERNING LAW
၂၇.၁ ဤစည်းကမ်းများသည် မြန်မာနိုင်ငံဥပဒေနှင့်အညီ အဓိပ္ပါယ်ကောက်ယူပြီး မြန်မာနိုင်ငံတရားရုံးများ၏ စီရင်ပိုင်ခွင့် သက်ရောက်ပါသည်။
These Terms are governed by the laws of Myanmar, and the courts of Myanmar have jurisdiction.
၂၈။ စည်းကမ်းများ ပြောင်းလဲခြင်း
CHANGES TO THESE TERMS
၂၈.၁ ဤစည်းကမ်းများကို အခါအားလျော်စွာ ပြင်ဆင်နိုင်ပါသည်။ နောက်ဆုံးပြင်ဆင်သည့်ရက်စွဲနှင့် ဗားရှင်းကို စာမျက်နှာထိပ်တွင် ဖော်ပြထားပါသည်။
We may revise these Terms from time to time. The date and version of the latest revision are shown at the top of this page.
၂၈.၂ သိသာထင်ရှားသော ပြောင်းလဲမှုများကို Site ပေါ်တွင် သို့မဟုတ် Email ဖြင့် အသိပေးမည်ဖြစ်ပြီး ပြောင်းလဲပြီးနောက် ဆက်လက်အသုံးပြုခြင်းအား သဘောတူညီမှုအဖြစ် မှတ်ယူပါမည်။
We will announce significant changes on the Site or by email. Continuing to use the Site after a change means you accept it.
၂၈.၃ သင့်၏ အော်ဒါအတွက် သက်ရောက်မည့်စည်းကမ်းများမှာ ငွေပေးချေချိန်၌ တည်ရှိသော Version ဖြစ်ပါသည်။
The version of these Terms that applies to your Order is the one in force when you paid.
၂၉။ အထွေထွေ
GENERAL
၂၉.၁ ဤစည်းကမ်းများနှင့် ကိုယ်ရေးအချက်အလက်မူဝါဒတို့သည် သင်နှင့် ကျွန်ုပ်တို့ကြား သဘောတူညီချက်အပြည့်အစုံဟု မှတ်ယူပါမည်။
These Terms and the Privacy Policy are the entire agreement between you and us.
၂၉.၂ ဤစည်းကမ်းများကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးဖြင့် ရေးသားထားပါသည်။ အဓိပ္ပါယ်ကွဲလွဲမှုရှိပါက [မြန်မာ] ဘာသာပြန်ကိုသာ အတည်ယူပါမည်။
These Terms are published in Myanmar and English. If the two differ, the [Myanmar] version prevails.
၃၀။ ဆက်သွယ်ရန်
CONTACT
၃၀.၁ Email — admin@nextchapterkonay.com
Email — admin@nextchapterkonay.com
၃၀.၂ Website Chatbox and telegram account (@Official_NCAdmin)
Website Chatbox and telegram account (@Official_NCAdmin)