AI က AI ကို ပြန်သင်ပြီးတော့ Upgrade လုပ်နေပြီ...

AI က AI ကို ပြန်သင်ပြီးတော့ Upgrade လုပ်နေပြီ... 👉 ကမ္ဘာကျော် AI Risk အကဲဖြတ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ METR ကတော့ Claude ကို ဖန်တီးတဲ့ Anthropic ရဲ့ အတွင်းပိုင်း Research Data တွေကို ၁၁ ပတ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် အထိတ်တလန့်ဖြစ်စရာ အစီရင်ခံစာတစ်ခု ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒါကတော့ Anthropic ရဲ့ AI Model တိုးတက်မှုနှုန်းက အရင်ကထက် ၂ ဆနီးပါး (1.9x) ပိုမြန်လာနေပြီး အဲ့ဒီ အရှိန်အဟုန်ရဲ့ ၈၀% ဟာ လူသားသုတေသီတွေ ဒါမှမဟုတ် Hardware အသစ်တွေကြောင့် မဟုတ်ဘဲ "AI ကနေ AI ကိုယ်တိုင် ပြန်လည် Research လုပ်ပြီး အဆင့်မြှင့်တင်ပေးနေတာကြောင့်" ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ 👉 Anthropic ရဲ့ အတွင်းပိုင်း စစ်တမ်းတွေအရ သူတို့ရဲ့ အဆင့်မြင့်ဆုံး AI Model တွေကြောင့် သုတေသီတွေရဲ့ အလုပ်ပြီးမြောက်မှု (Productivity) ဟာ ပျမ်းမျှ ၁၂ ဆအထိ ခုန်တက်သွားတယ်လို့ ဝန်ထမ်းတွေက ဖြေဆိုထားကြပြီးတော့ စာရင်းတွေအရ AI ဟာ လူသားတွေရဲ့ ညွှန်ကြားချက်ကို စောင့်နေရုံတင် မဟုတ်တော့ဘဲ Model ရဲ့ Code ရေးသားမှု၊ Bug ရှာဖွေမှုနဲ့ Training စနစ်တွေကို ကိုယ်တိုင် အလိုအလျောက် ကူညီတည်ဆောက်ပေးနေတာ... 😢 ဒါပေမယ့်လည်း လက်တွေ့ဘက် ပြန်ကြည့်ရင် ဒါက အတော်လေး ကြောက်စရာကောင်းတဲ့ လက္ခဏာတစ်ခုဗျ။ Anthropic ဘက်ကလည်း အရင်တုန်းကတည်းက AI က AI ကိုယ်တိုင် ပြန်လည်တည်ဆောက်ရင်းနဲ့ လူသားတွေထိန်းချုပ်မရနိုင်တဲ့ အန္တရာယ်တွေ မဖြစ်လာစေဖို့အတွက် "၂ ဆ ပိုမြန်လာရင် အရေးပေါ် ထိန်းကျောင်းရမယ်" ဆိုတဲ့ 2x Acceleration Threshold စည်းမျဉ်းကို ချမှတ်ထားခဲ့ဖူးတယ်ဆိုပေမယ့် အခု METR ရဲ့ စစ်ဆေးချက်အရ Anthropic ရဲ့ အဲ့ဒီ အန္တရာယ်ရှိတဲ့ စည်းမျဉ်းသတ်မှတ်ချက်ကို ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ကျော်လွန်သွားခဲ့ပြီဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ✅ ဒီသတင်းကနေ ကျွန်တော်တို့ ဘာကိုသိနိုင်လဲဆိုတော့ သိပ္ပံရုပ်ရှင်တွေထဲကလို "Recursive Self-Improvement" (AI ကနေ ပိုတော်တဲ့ AI ကို အလိုအလျောက် ဆက်တိုက် တည်ဆောက်သွားတဲ့သဘောတရား) ဟာ စာအုပ်ထဲမှာတင် မဟုတ်တော့ဘဲ လက်တွေ့ ဓာတ်ခွဲခန်းတွေထဲမှာ အမှန်တကယ် စတင် ဖြစ်ပေါ်နေပြီဆိုတာပါပဲ။ 🫠 အော်... ပြီးတော့ Anthropic က ဒီ Report ကို အကုန် ပေးမဖတ်ဘူး။ ဘာလို့ဆို Anthropic အနေနဲ့က မကြာသေးခင်ကမှ IPO စတော့ဈေးကွက်ထဲ ဝင်ဖို့ ပြင်ဆင်နေတာမို့လို့ စိတ်ပူစရာကောင်းတဲ့ အချက်အလက်တွေနဲ့ အရေးကြီး သက်သေအများစုကို အများပြည်သူမမြင်နိုင်အောင် စာကြောင်းတွေ အမည်းရောင်ဖျက်ပြီး (Redact လုပ်ပြီး) မှ Report ကို ထုတ်ပြန်ခွင့်ပေးခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့က Compute သုံးစွဲမှုကို အသေးစိတ် စစ်ဆေးဖို့ ကြိုးစားတာကိုတောင် လမ်းခုလတ်မှာ ရပ်တန့်ခိုင်းခဲ့တယ်ဆိုတော့ နောက်ကွယ်မှာ ဘယ်လောက်တောင် အပြိုင်အဆိုင်တွေနဲ့ လျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိသာပါတယ်။ Sources & References
ဆက်လက် ဆွေးနွေးကြမယ်
ဆောင်းပါးသိမ်းရန်၊ Reaction နှင့် Comment ပေးရန် Login ဝင်ပါ။