📱 SMS တစ်စောင်ဝင်ရုံနဲ့ ဖုန်းသုံးမရ ဖြစ်သွားနိုင်တဲ့ Android Vulnerability, SMS of Death
← ဆောင်းပါးများ

📱 SMS တစ်စောင်ဝင်ရုံနဲ့ ဖုန်းသုံးမရ ဖြစ်သွားနိုင်တဲ့ Android Vulnerability , SMS of Death

07 Nov 2026 · 5 မိနစ် ဖတ်ရန်

📱 SMS တစ်စောင်ဝင်ရုံနဲ့ ဖုန်းသုံးမရ ဖြစ်သွားနိုင်တဲ့ Android Vulnerability , SMS of Death

👉 ပုံမှန်ဆိုရင် ဖုန်းထဲကို SMS တစ်စောင်ဝင်လာတာက ဘာမှထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဖွင့်ကြည့်လိုက်မယ်၊ မကြိုက်ရင် ဖျက်လိုက်မယ်ပေါ့။ဒါပေမဲ့ ကိုယ်က Message ကို ဖွင့်ကြည့်စရာတောင်မလိုဘဲ SMS တစ်စောင်ဝင်လာရုံနဲ့ ဖုန်းရဲ့ Mobile Network ပိုင်းကို ထိခိုက်စေနိုင်တဲ့ Android Security Vulnerability တစ်ခုရှိနေပါတယ်။ ဒီပြဿနာကို "SMS of Death" လို့ ခေါ်ကြပါတယ်.. 🤔 ဘာကြောင့် SMS တစ်စောင်က ဖုန်းကို ထိခိုက်စေနိုင်တာလဲ? ပုံမှန် SMS တွေနဲ့ ဒီတိုက်ခိုက်မှုက မတူပါဘူး။ တိုက်ခိုက်သူက ဖုန်းရဲ့ Telephony System က လက်ခံစီမံတဲ့ အထူးပြုလုပ်ထားတဲ့ WAP Push Data SMS ကို အသုံးပြုတာပါ။ဒီနေရာမှာ စိတ်ဝင်စားစရာက ဖုန်းပိုင်ရှင်က Message ကို ဖွင့်ကြည့်ဖို့၊ Link တစ်ခုခုကို နှိပ်ဖို့ မလိုတာပါပဲ။ ဖုန်းထဲကို Message ရောက်လာပြီး စနစ်ကအလိုအလျောက် Process လုပ်တဲ့အချိန်မှာ Vulnerability ကို အသုံးချနိုင်တာကြောင့် Zero-click Attack လို့ ခေါ်ပါတယ်.. 😟 ဖုန်းမှာ ဘာတွေဖြစ်နိုင်လဲ? ဒီ Vulnerability ရဲ့ အဓိကအန္တရာယ်က ဖုန်းရဲ့ Mobile Network Service ကို အနှောင့်အယှက်ဖြစ်စေနိုင်တာပါ။ ဥပမာ - - ဖုန်းလိုင်း ရုတ်တရက်ပြတ်တောက်သွားနိုင်တယ်။ - ဖုန်းခေါ်ဆိုမှုတွေ အဆင်မပြေဖြစ်နိုင်တယ်။ - Telephony Service ပျက်သွားတာကြောင့် Mobile Network ကို အသုံးပြုမရ ဖြစ်နိုင်တယ်။ ထပ်ခါထပ်ခါ တိုက်ခိုက်ခံရတဲ့အခြေအနေမျိုးမှာ ဖုန်းကို ပုံမှန်အသုံးပြုဖို့ ခက်ခဲသွားနိုင်ပါတယ်။သုတေသီတွေရဲ့ စမ်းသပ်မှုမှာ Message အကြိမ်ကြိမ်ပို့ပြီး ဖုန်းရဲ့လုပ်ဆောင်မှုကို ပိုမိုထိခိုက်စေနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ဖုန်းမှာ Message အရေအတွက်တစ်ခုတည်းနဲ့ ဒီလိုဖြစ်မယ်လို့တော့ မဆိုလိုပါဘူး.. 🔐 ကိုယ့်ဖုန်းထဲက Data တွေ ခိုးယူခံရနိုင်လား? ဒီအချက်ကိုလည်း ခွဲခြားနားလည်ထားဖို့ လိုပါတယ်။လက်ရှိဖော်ပြထားတဲ့ Vulnerability ရဲ့ အဓိကသက်ရောက်မှုက Data ခိုးယူခြင်းထက် ဖုန်းရဲ့ Network Service ကို ပျက်စီးစေတဲ့ Denial of Service (DoS) အမျိုးအစား ဖြစ်ပါတယ်။ဒါပေမဲ့ ဖုန်းလိုင်းမရတော့ဘူးဆိုရင် SMS ကနေ လက်ခံရတဲ့ OTP တွေ၊ အရေးကြီးတဲ့ဖုန်းခေါ်ဆိုမှုတွေကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်.. 🇲🇲 မြန်မာနိုင်ငံက Android သုံးသူတွေအတွက်ရော? Android ဖုန်းအသုံးပြုသူတွေဆိုရင် ဒီလို Security Vulnerability သတင်းတွေကို သိထားသင့်ပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံက ဖုန်းအသုံးပြုသူတွေကို ဒီတိုက်ခိုက်မှု တကယ်လုပ်ဆောင်နေပြီလား၊ ပြည်တွင်း Mobile Network တွေကနေ ဒီလို Message တွေ ပို့နိုင်သလားဆိုတာကိုတော့ အတည်ပြုထားတဲ့ အချက်အလက်က မရှိသေးပါဘူး။အဲဒါကြောင့် အန္တရာယ်ရှိနိုင်တယ်ဆိုတာနဲ့ မြန်မာနိုင်ငံမှာ တကယ်တိုက်ခိုက်ခံနေရတယ်ဆိုတာကို ခွဲခြားသိထားဖို့ လိုပါတယ်.. ✅ ကိုယ့်ဖုန်းကို ဘယ်လိုကာကွယ်ထားသင့်လဲ? ဒီလို Vulnerability တွေက ဖုန်းပိုင်ရှင်ရဲ့ သတိထားမှုတစ်ခုတည်းနဲ့ ကာကွယ်လို့မရတဲ့အတွက် Software Update လုပ်ထားဖို့က အရေးကြီးပါတယ်။Android Security Update ကို ပုံမှန်စစ်ဆေးပြီး ရရှိနိုင်တဲ့ Update တွေကို တင်ထားပါ။ဖုန်းထုတ်လုပ်သူက ထုတ်ပေးတဲ့ Official Software Update ကိုသာ အသုံးပြုပါ။မသိတဲ့သူတွေဆီက Message တွေကို သတိထားပါ။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုမှာ Message ကို ဖွင့်မကြည့်တာတစ်ခုတည်းနဲ့ မကာကွယ်နိုင်ပါဘူး။ဖုန်းမှာ Security Update မရတော့ဘူးဆိုရင် ထုတ်လုပ်သူရဲ့ Support Information ကို စစ်ဆေးပါ။ အရေးကြီးတာက Android ဖုန်းမှာ Update ရှိ၊ မရှိ စစ်ဆေးတဲ့အခါ Settings > Security & privacy(or) Password & Security > System & updates ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။ ဖုန်းအမျိုးအစားအလိုက် Menu နေရာကွာနိုင်ပါတယ်.. 💡 အနှစ်ချုပ်အနေနဲ့ အရင်က Cyber Attack ဆိုရင် Link တစ်ခုခုကို နှိပ်မိမှ၊ App တစ်ခုခုကို Install လုပ်မိမှ အန္တရာယ်ရှိတယ်လို့ ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ Zero-click Attack တွေကတော့ ကိုယ်ဘာမှမလုပ်ဘဲနဲ့တောင် ဖုန်းရဲ့စနစ်ထဲက အားနည်းချက်ကို အသုံးချနိုင်တာပါ။ဒါကြောင့် ဖုန်းတစ်လုံးမှာ Security ရှိဖို့ဆိုတာ မသင်္ကာစရာ Link တွေကို ရှောင်တာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဖုန်းရဲ့ Software နဲ့ Security Update တွေကိုလည်း ပုံမှန်ဂရုစိုက်ဖို့ လိုပါတယ်။ 😉

Sources & References - Google Android Security Bulletin – November 2026 - MyCERT Advisory – MA-1497.112026 ↗

မှတ်ချက် : ဒီစာမှာ ဖော်ပြထားတဲ့ အဓိကအချက်အလက်တွေကို Google ရဲ့ Official Security Bulletin ကို ကိုးကားပြီး ရေးသားထားဖြစ်ပါတယ်။ စမ်းသပ်မှုအသေးစိတ်နဲ့ ဘယ်ဖုန်းမော်ဒယ်တွေမှာ သက်ရောက်နိုင်လဲဆိုတာကိုတော့ သီးခြားအထောက်အထားတွေနဲ့ ထပ်မံစစ်ဆေးဖို့ လိုပါသေးတယ်..

Telegram ↗

ဆက်လက် ဆွေးနွေးကြမယ်

ဆောင်းပါးသိမ်းရန်၊ Reaction နှင့် Comment ပေးရန် Login ဝင်ပါ။