Google ရဲ့ အငြင်းပွားဖွယ်ရာ လုပ်ရပ်တစ်ခု

Google ရဲ့ အငြင်းပွားဖွယ်ရာ လုပ်ရပ်တစ်ခု 👉 Google Classroom နဲ့ Chromebook တွေကို အသုံးပြုနေကြတဲ့ ကမ္ဘာတစ်ဝှမ်းက ကျောင်းတွေအတွက် Google က မူဝါဒအသစ်တစ်ခု ချပြလိုက်ပါတယ်။ အဲ့ဒါကတော့ ကျောင်းတွေအနေနဲ့ Google ရဲ့ AI Tool တွေဖြစ်တဲ့ Gemini၊ Gemini Notebook နဲ့ Gemini in Classroom တွေကို ကျောင်းသားတွေအတွက် ခွင့်မပြုဘဲ ပိတ်ထားမယ်ဆိုရင် ပုံမှန် Google Search ကိုပါ ကျောင်းသားတွေ ရှာဖွေခွင့်မရအောင် အကောင့်ထဲကနေတစ်ပါတည်း ဖြတ်တောက်ပစ်မယ်ဆိုတဲ့ ကြေညာချက်ပဲ ဖြစ်ပါတယ်။ 👉 တစ်ကမ္ဘာလုံးမှာ Google Classroom ကို အသုံးပြုနေတဲ့ ဆရာနဲ့ ကျောင်းသား အရေအတွက်ဟာ သန်း ၁၅၀ ကျော်အထိ ရှိနေတာပါ။ အရင်တုန်းက Google က အသက် ၁၈ နှစ်ပြည့်ပြီးမှ AI ပေးသုံးခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း (K-12) ကျောင်းသားတွေအတွက် Gemini ကို Default အနေနဲ့ အကုန်ဖွင့်ပေးခဲ့တာကြောင့် ဒီလိုအငြင်းပွားမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ 😢 အရင်က ကလေးတွေ အိမ်စာလုပ်တဲ့အခါ AI သုံးပြီး အလွယ်ခိုးမချနိုင်အောင်၊ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း မကျဆင်းသွားအောင်ဆိုပြီး New York City နဲ့ Los Angeles လို အမေရိကန်ရဲ့ အကြီးဆုံး ကျောင်းခရိုင်ကြီးတွေက AI ကို ပိတ်ပင်ထားတယ်ဆိုပေမယ့် အခုတော့ Google က AI ကို မသုံးရင် ပုံမှန် Search တောင် ရှာခွင့်မပေးတော့ဘူးဆိုပြီး အကျပ်ကိုင်လာတဲ့အတွက် ဒါဟာ ပညာရေးကို ဓားစာခံလုပ်ပြီး လက်ဝါးကြီးအုပ် အာဏာပြတာပဲလို့ ဝေဖန်ခံနေရပါတယ်။ ✅ ဝေဖန်ချက်တွေအရ Google ဟာ သူတို့ရဲ့ Search Engine လက်ဝါးကြီးအုပ် အာဏာကိုသုံးပြီး ကျောင်းတွေကို AI သုံးအောင် အနိုင်ကျင့် ခြိမ်းခြောက်နေတာဖြစ်သလို Google ရဲ့ ဒီလုပ်ရပ်ဟာ ကလေးတွေ ပညာတတ်ဖို့ထက် ကိုယ့် Brand ကို တစ်သက်လုံး စွဲလမ်းသွားအောင် ဖမ်းစားတာဖြစ်လို့ Google Search ကိုပါ လုံးဝစွန့်ခွာပြီး တခြား Search Engine တွေဆီ ပြောင်းသုံးပစ်ကြဖို့ တိုက်တွန်းနေကြတဲ့အထိ အခြေအနေတွေက တင်းမာနေပါတယ်။ 😉 ဆိုတော့ ဘာပဲဖြစ်ဖြစ် အခုခေတ်မှာ AI ကြောင့် အသိပညာတွေကို လွယ်လွယ်ကူကူ ရစေလာနေပြီဆိုပေမယ့် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းကို မထိခိုက်အောင်လို့ ထိန်းကျောင်းနိုင်ဖို့ကလည်း မိဘတွေနဲ့ ဆရာတွေအတွက် အတော်လေးကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုဖြစ်လာပြီ။ နောက်ပြီး စီးပွားရေးနဲ့ နည်းပညာရှုထောင့်အရကြည့်မယ်ဆိုရင်လည်း Platform ကြီးတစ်ခုတည်းအပေါ် လုံးလုံးလျားလျား မှီခိုလွန်းတယ်ဆိုရင် အချိန်မရွေး အကျပ်ကိုင်ခံရနိုင်တယ်ဆိုတဲ့ သင်ခန်းစာကိုယူပြီး ကိုယ့်ရဲ့ လုပ်ငန်းတွေမှာ Alternative တွေကို ကြိုတင် ပြင်ဆင်ထားနိုင်မှ တော်ကာကျမှာ...
ဆက်လက် ဆွေးနွေးကြမယ်
ဆောင်းပါးသိမ်းရန်၊ Reaction နှင့် Comment ပေးရန် Login ဝင်ပါ။