YouTube, TikTok, Facebook ဝင်ငွေ ဘယ်လိုရလဲ ? 💰 (2026 Update)

Monetization အကြောင်း မေးကြတာ များလို့ .. Platform ၃ ခုရဲ့ တရားဝင် Policy တွေကို ပြန်စစ်ပြီး အခုမှ စလုပ်မယ့် မောင်နှမတွေ နားလည်လွယ်အောင် ပုံ ၉ ပုံနဲ့ စုထားပေးပါတယ် ခင်မျာ ။ ⚠️ အရေးကြီးတာ တစ်ခုကတော့ ... Platform တိုင်းမှာ "ဝင်ငွေရနိုင်တဲ့ နိုင်ငံ စာရင်း" သီးသန့် ရှိပါတယ် ။ Followers ပြည့်ရုံနဲ့ မရသေးပါဘူး ။ နိုင်ငံ စာရင်းနဲ့ စည်းကမ်းကို အရင် စစ်ထားတာ ပိုအဆင်ပြေပါလိမ့်မယ် ။ VPN သုံးတာ၊ နိုင်ငံ ပြောင်းထည့်တာမျိုးက အဆင်ပြေတတ်သလို တစ်ခါတစ်လေ အကောင့် ထိခိုက်ပါတယ် ။ 📅 YouTube လုပ်နေတဲ့ သူတွေအတွက်လည်း သတိထားစရာ ရှိပါတယ် .. 2027 ဖေဖော်ဝါရီ 1 ကစပြီး အသစ်လျှောက်မယ့်သူတွေ အတွက် Watch Hours 8,000 (သို့) Shorts Views 20M ဖြစ်သွားမှာပါ ။ YPP ထဲ ရောက်ပြီးသားသူတွေကတော့ မထိခိုက်ပါဘူး ။ ▶️ YouTube YouTube က ဝင်ငွေရဖို့ YouTube Partner Program (YPP) ထဲ ဝင်ရပါတယ် ။ ၁။ Fan Funding (Membership, Super Thanks, Shopping) : Subscriber 500 + ရက် 90 အတွင်း Video 3 ခု + Watch Hours 3,000 (သို့) Shorts Views 3M ၂။ ကြော်ငြာဝင်ငွေ : Subscriber 1,000 + Watch Hours 4,000 (သို့) Shorts Views 10M ✅ 2-Step Verification ဖွင့်ထားဖို့၊ Strike မရှိဖို့၊ AdSense ချိတ်ဖို့နဲ့ ကိုယ်ပိုင် Content ဖြစ်ဖို့ လိုပါတယ် ။ 📍 မြန်မာက YPP တရားဝင် စာရင်းမှာ လက်ရှိ မပါသေးပါ ။ 🎵 TikTok TikTok က ဝင်ငွေရဖို့ Creator Rewards Program ထဲ ဝင်ရပါတယ် (Creator Fund အဟောင်းကို ပိတ်လိုက်ပါပြီ) ။ ✅ အသက် 18+ ၊ Followers 10,000 ၊ ရက် 30 အတွင်း Views 100,000 ၊ Personal Account ဖြစ်ရပြီး 1 မိနစ်ကျော် Video တွေမှပဲ ဝင်ငွေရပါတယ် ။ ❌ Duet, Stitch, Photo Mode နဲ့ Followers/Views ဝယ်ထားတာတွေက ဝင်ငွေ မရပါဘူး ။ 🌍 ရနိုင်တဲ့ နိုင်ငံ 8 ခုပဲ ရှိပါသေးတယ် : US, UK, Germany, France, Japan, South Korea, Brazil, Mexico ။ မြန်မာ မပါသေးပါ ။ VPN သုံးတာ၊ ဒေသ ပြောင်းတာနဲ့ ရလာမှာ မဟုတ်ပါဘူး ။ 📘 Facebook Facebook က ဝင်ငွေရဖို့ Content Monetization ထဲ ဝင်ရပါတယ် ။ In-stream Ads, Ads on Reels, Performance Bonus ၃ ခုကို ပေါင်းထားတာပါ ။ ✅ Reels, Photo, Text Post, Stories အကုန်လုံး ဝင်ငွေ ရနိုင်ပါတယ် ။ Meta က ဖိတ်မှ ဝင်လို့ရပြီး (Invite-only) Followers သတ်မှတ်ချက်ကို Meta က တရားဝင် မထုတ်ပြန်ပါ ။ ❌ ကိုယ်ပိုင် Original Content ဖြစ်ရပါမယ် ။ သူများ Video ပြန်တင်တာ၊ Like/Share အတုနဲ့ Boost လုပ်ထားတဲ့ Post တွေက ဝင်ငွေ မရပါဘူး ။ 🌍 နိုင်ငံ 70 မှာ ရပါတယ် ။ မြန်မာ မပါသေးပါ ။ ဒါပေမဲ့ Stars ⭐ ကတော့ မြန်မာမှာ ရပါတယ် (Followers 500 ကို ရက် 30 ဆက်တိုက် ရှိရပါမယ်) ။
📌 Policy တွေက ပြောင်းလဲတတ်လို့ 13 Nov 2026 အထိ စစ်ထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ် ။ Save ထားပြီး အကျိုးရှိရင် Like & Share မျှဝေလို့ ရပါတယ် ခင်မျာ ။ 🙏
ဆက်လက် ဆွေးနွေးကြမယ်
ဆောင်းပါးသိမ်းရန်၊ Reaction နှင့် Comment ပေးရန် Login ဝင်ပါ။