အသစ်ထပ်ထွက်တဲ့ Gemini Omni 1.2 Flash

အားလုံးကတော့ Gemini omni 1.1 Flash ကို အသုံးပြုဖူးကြမှာပါ။ အခုမှာတော့ Google ကအသစ်ထွက်တဲ့ Gemini Omni 1.2 Flash ကို ၂၀၂၆ နိုဝင်ဘာ ၅ ရက်မှာ မိတ်ဆက်ခဲ့တာလေးမျှဝေပေးချင်ပါတယ်။ ဒီ Version မှာ AI Video ဖန်တီးမှုကို ပိုရှည်၊ ပိုတိကျပြီး ပြင်ဆင်ရလွယ်ကူအောင် တိုးတက်ပေးထားပါတယ်. အရင် Omni 1.1 Flash မှာ ဘာတွေလုပ်နိုင်ခဲ့လဲ? - စာသားနဲ့ ပုံတွေကနေ Video ဖန်တီးနိုင်တယ်။ - Reference ပုံတွေ အသုံးပြုပြီး Video ဖန်တီးနိုင်တယ်။ - ရှိပြီးသား Video ကို ပြင်ဆင်တာ၊ ဆက်လက်တိုးချဲ့တာတွေ လုပ်နိုင်တယ်။ - Video နဲ့အတူ အသံကိုပါ ဖန်တီးနိုင်တယ်။ အဲဒီ Version မှာ Video တစ်ခုကို အများဆုံး ၁၀ စက္ကန့်အထိ ဖန်တီးနိုင်ခဲ့ပါတယ်။ Omni 1.2 Flash မှာကော ဘာတွေ ပိုကောင်းလာလဲ? 1. Video ပိုရှည်လာတယ် အရင် ၁၀ စက္ကန့်အထိပဲ ဖန်တီးနိုင်ရာကနေ အခု ၁၅ စက္ကန့်အထိ ဖန်တီးနိုင်လာပါတယ်.. 2. Reference ပုံတွေကို ပိုတိကျစွာ လိုက်နာနိုင်တယ် လူပုံ၊ အဝတ်အစား၊ Product နဲ့ Brand ပုံစံတွေကို Scene ပြောင်းသွားတဲ့အခါ ပိုမိုတစ်သမတ်တည်း ထိန်းထားနိုင်ပါတယ်.. 3. Video ကို စကားပြောသလို ပြင်ဆင်နိုင်တယ် Background ပြောင်းတာ၊ Lighting ပြင်တာ၊ Camera Angle ပြောင်းတာတွေကို စာနဲ့ ထပ်မံခိုင်းစေနိုင်ပါတယ်။ အစကနေ ပြန်ဖန်တီးစရာမလိုဘဲ အဆင့်ဆင့် ပြင်ဆင်နိုင်တာပါ.. 4. Video Quality နဲ့ အသံ ပိုကောင်းလာတယ် 720p အထိ Generate လုပ်ပြီး ရွေးချယ်ထားတဲ့ Video ကို 1080p သို့မဟုတ် 4K အထိ Upscale လုပ်နိုင်ပါတယ်။ အသံ၊ Lip-sync နဲ့ Camera Movement တွေကိုလည်း ပိုမိုတိုးတက်အောင် ပြုလုပ်ထားပါတယ်.. 5. အသုံးပြုခ ပိုသက်သာလာတယ် Google API ရဲ့ 720p Video Generation ဈေးနှုန်းက ၁ စက္ကန့်ကို $0.07 ဖြစ်ပြီး အရင် Version ထက် ၃၀% ခန့် သက်သာလာပါတယ်။ ဒါက API အသုံးပြုခဖြစ်ပြီး Gemini App Subscription ဈေးနှုန်းနဲ့ မတူပါဘူး.. 6. AI Watermark ပါဝင်လာတယ် Omni 1.2 Flash နဲ့ ဖန်တီးထားတဲ့ Video တွေမှာ Google ရဲ့ SynthID Digital Watermark ကို ထည့်သွင်းပေးထားပါတယ်။ ဒါဟာ ပုံမှန်မြင်ရတဲ့ Logo သို့မဟုတ် စာသား Watermark မဟုတ်ဘဲ မျက်စိနဲ့မမြင်နိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာ Watermark ဖြစ်ပါတယ်။ဒါ့အပြင် C2PA Content Credentials လည်း ပါဝင်တာကြောင့် AI နဲ့ ဖန်တီးထားတဲ့ Content တွေရဲ့ မူလရင်းမြစ်နဲ့ ပြင်ဆင်မှုအချက်အလက်တွေကို စစ်ဆေးနိုင်ဖို့ အထောက်အကူပြုပါတယ်. ⚠️ Google Flow မှာလည်း အပြောင်းအလဲရှိလာတော့မယ် Google ရဲ့ Official Announcement အရ - ၂၀၂၆ နိုဝင်ဘာ ၅ ရက် မှာ Veo Extend ကို ဖယ်ရှားပြီးပါပြီ။ Video Extend လုပ်ချင်ရင် Google AI Plus, Pro သို့မဟုတ် Ultra Paid Plan နဲ့ Omni 1.2 Flash ကို အသုံးပြုရတော့မှာပါ.၂၀၂၆ ဒီဇင်ဘာ ၅ ရက် မှာတော့ Flow ထဲက Veo 3.1 Fast, Veo 3.1 Quality နဲ့ Omni 1.1 Flash တို့ကို ဖယ်ရှားတော့မှာဖြစ်ပါတယ်။ဒါကြောင့် Flow မှာ နောက်ထပ် Video Project တွေ လုပ်မယ်ဆိုရင် Omni 1.2 Flash သို့မဟုတ် Veo 3.1 Lite ကို ပြောင်းလဲအသုံးပြုဖို့ Google က အကြံပြုထားပါတယ်. ⚠️ လက်ရှိ အားနည်းချက်များ Feature တွေ အများကြီးတိုးတက်လာပေမဲ့ အားလုံးကို ပြီးပြည့်စုံအောင် မလုပ်ဆောင်နိုင်သေးပါဘူး။Google ကိုယ်တိုင်လည်း အောက်ပါအချက်တွေမှာ ဆက်လက်တိုးတက်အောင် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်. - အားကစားလို မြန်ဆန်တဲ့ လှုပ်ရှားမှုတွေ (Fast Sports Action) - Video ဖန်တီးနေစဉ် Script ကို အမြန်ပြောင်းလဲခိုင်းတာ (Rapid Script Changes) - ရှုပ်ထွေးတဲ့ ရူပဗေဒဆိုင်ရာ လှုပ်ရှားမှုတွေ (Complex Physics) ဒါကြောင့် Omni 1.2 Flash ဟာ အရင်ထက် ပိုကောင်းလာပေမဲ့ ရလဒ်တိုင်းကို ပြီးပြည့်စုံမယ်လို့တော့ မမျှော်လင့်သင့်သေးပါဘူး. ဘယ်သူတွေအတွက် အသုံးဝင်မလဲ? Content Creator တွေ၊ Digital Marketer တွေ၊ Product Video ဖန်တီးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်နိုင်ပါတယ်. မှတ်ချက်အနေနဲ့ : Feature တွေနဲ့ အသုံးပြုနိုင်မှုတွေဟာ Gemini App, Google Flow, API နဲ့ Subscription အမျိုးအစားအလိုက် ကွာခြားနိုင်ပါတယ်
Current Google Flow Credit Costs 8 seconds = 24 credits 10 seconds = 30 credits 15 seconds = 60 credits
ဆက်လက် ဆွေးနွေးကြမယ်
ဆောင်းပါးသိမ်းရန်၊ Reaction နှင့် Comment ပေးရန် Login ဝင်ပါ။